ကော်သူးလေတပ်မတော် (KTLA)
From Wikipedia, the free encyclopedia
Remove ads
ကော်သူးလေတပ်မတော်[၄][၁] (အင်္ဂလိပ်: Kawthoolei Army; အတိုကောက် KTLA) သည် ကရင် အမျိုးသား အစည်းအရုံးမှ ခွဲထွက်ကာ တည်ထောင်ထားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။
၂၀၂၃ ခုနှစ် ဧပြီလတွင် ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်ရှိ ကရင်နယ်ခြားစောင့်တပ်ကို ကော်သူးလေတပ်မတော်က တိုက်ခိုက်ခဲ့ရာ ဒေသခံ ၁၀,၀၀၀ ကျော် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးခဲ့ကြရသည်။[၅]
Remove ads
သမိုင်းကြောင်း
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ၏ စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ က ကရင် အမျိုးသား အစည်းအရုံးမှ ခွဲထွက်ပြီး "ကော်သူးလေတပ်မတော်"ကို တည်ထောင်ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကြေညာခဲ့သည်။[၆]
ဖွဲ့စည်းမှု
ကော်သူးလေတပ်မတော်၏ စစ်ဦးစီးချုပ်မှာ ဗိုလ်ချုပ်ကြီး နယ်ဒါးမြဖြစ်ပြီး ဒုတိယ စစ်ဦးစီးချုပ်များမှာ ဒုတိယ ဗိုလ်ချုပ်ကြီး ဆာဂေးပိုနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး စောဘာဝါး ဖြစ်သည်။[၂]
ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads