ကဲ့လူမျိုး

From Wikipedia, the free encyclopedia

Remove ads

ကဲ့လူမျိုး

ကဲ့ သို့မဟုတ် ဆဲ့ (Celts) လူမျိုးသည် အလွန်ရှေးကျ သော လူမျိုးတစ်မျိုးဖြစ်၍၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာ ကပင် ဥရောပတိုက်အလယ်ပိုင်းနှင့် အနောက်ပိုင်းတွင် နေထိုင် ခဲ့ကြသည်။ ထိုစဉ်က ရောမအင်ပိုင်ယာမှာ မပေါက်ဖွား သေးပေ။ ကဲ့လူမျိုးသည် လွန်စွာစစ်တိုက်ဝါသနာပါ၍ ဥရောပ တိုက်၌ တန်ခိုးထွားကြီးစိုးခဲ့ကြသည်။ သူတို့ဩဇာအာဏာသည် အီတလီနှင့် ဂရိနိုင်ငံများသို့တိုင်အောင် ပြန့်ပွားခဲ့သည်။

ရောမအင်ပိုင်ယာကြီး ထွန်းကားစတွင် သူတို့သည် အဲ့လပ တောင်တန်း၏ မြောက်ဘက်POLLAဒေသများ၌လည်းကောင်း၊၊ ဒန်းညု မြစ်ဝှမ်း အထက်ပိုင်း၌၎င်း၊ အခြေစိုက်နေကြလေပြီ။ ကဲ့လူမျိုး အချို့မှာ အင်္ဂလန်နှင့် အိုင်ယာလန်ကျွန်းများသို့ ကူးပြောင်း နေထိုင်ကြ၏။ ယင်းသို့ တစ်ခါက တန်ခိုးထွားခဲ့သောကဲ့လူမျိုးသည် ယခု အခါ၌ သီးခြားလွတ်လပ်သော လူမျိုးတစ်မျိုးအဖြစ်ဖြင့် မတည် ရှိတော့ချေ။ သူတို့သည် သူတို့ကို တိုက်ခိုက်အောင်မြင်သော လူမျိုးတို့နှင့် ရောနှော၍ တိမ်ကောပျောက်ကွယ်သွားကြလေပြီ။ သူတို့၏အဆက်အနွယ်များကို ယခုအခါ ပြင်သစ်နိုင်ငံ ဘရီတိုင်းနီးနယ်၊ ဗြိတိန်နိုင်ငံ ဝေလပြည်၊ စကော့တလန်ပြည်နှင့် အိုင်ယာလန်ပြည်တို့၌ အနည်းငယ်စီ တွေ့ရလေတော့သည်။

ယခုအခါ ကဲ့လူမျိုး တိမ်ကောပပျောက်သွားသော်လည်း သူတို့၏ဘာသာစကားနှင့် စာပေတို့မှာ ကျန်ရစ်ခဲ့သည်။ ယခု ခေတ် ဥရောပဘာသာစကားများတွင် ကဲ့စကားများပါသည်ကို တွေ့ရ၏။ ဥရောပတိုက်ရှိ တက္ကသိုလ်များ၌လည်း ကဲ့ဘာသာ နှင့် စာပေကို သင်ကြားပေးလျက်ရှိလေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads