ဘသိန်း၊ ကျား
From Wikipedia, the free encyclopedia
Remove ads
ကျားဘသိန်း ခေါ် သတင်းစာဆရာ ဦးချစ်ညို ကို ၁၉၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အဖ ဦးဖိုးမင်း (ဦးမင်း) နှင့် အမိ ဒေါ်မမကြီး တို့မှ မန္တလေးမြို့၊ စစ်ကိုင်းတန်းရပ်၌ မွေးဖွားခဲ့သည်။ လက်ဝှေ့ကျော် ကျားဘညိမ်း၏ ညီဖြစ်သည်။ အမည်ရင်းမှာ ဦးဘသိန်း ဖြစ်သည်။
ဦးချစ်ညိုသည် မန္တလေး စိန်ဂျိုးဇက် ဒိုင်အိုနှင့် ဝက်စလီယံ ကျောင်းတို့တွင် ပညာသင်ယူခဲ့သည်။ စာပေဂီတနှင့် အနုပညာ ဝါသနာထုံသည်။ ဆယ်တန်းအထိပညာသင်ယူခဲ့ပြီး ရေဒီယိုအော်ပရေတာသင်တန်း တက်ရောက်ခဲ့သည်။
၁၉၄၅ ခုနှစ်တွင် လူထုဂျာနယ်၌ တွဲဖက်အယ်ဒီတာအဖြစ် ဘာသာပြန်ဆိုင်ရာ တာဝန်များကိုထမ်းဆောင်ခဲ့သည်။ ထိုအခါမှစ၍ ဘာသာပြန်ဝတ္ထုရှည်များ ရေးသားခဲ့သည်။ လူထုဂျာနယ်ရပ်သွားသောအခါ လူထု သတင်းစာနေ့ပိုင်းဆိုင်ရာ သတင်းအယ်ဒီတာ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နိုင်ငံခြားသတင်းအယ်ဒီတာအဖြစ် ၁၉၅၂ ခုနှစ် အထိ လုပ်ကိုင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ချစ်ညိုပုံနှိပ်တိုက်၊ မန္တလေးစာအုပ်တိုက်ကို တည်ထောင်ခဲ့သည်။ ရှုမဝ၊ မြဝတီ၊ သွေးသောက်နှင့် အခြားမဂ္ဂဇင်းများတွင် ဆောင်းပါး၊ ဝတ္ထုရှည်နှင့်ဝတ္ထုတိုများရေးသားခဲ့သည်။
မြန်မာပြည်တွင် ကျားကစားနည်းစာအုပ်ကို ဒုတိယမြောက်ပြုစုထုတ်ဝေခဲ့သူ ဖြစ်သည်။ ၁၉၅၅ ခုနှစ်လောက်မှစ၍ ဓာတ်ပုံမောက်လုပ်ငန်းကို တီထွင်လုပ်ကိုင်ခဲ့ပြီး ချစ်ညို ပုံနှိပ်တိုက်နှင့် ဓာတ်ပုံမောက် လုပ်ငန်းကို ဦးစီးပြီးလုပ်ကိုင်ခဲ့သည်။
ဦးချစ်ညိုသည် မန္တလေးမြို့ ပြည်ကြီးကျက်သရေရပ်ကွက် ပ.ထ.စ မြူလူကြီး အဖြစ် ၁၉၆၀-၆၂ ခုနှစ်အထိ အရွေးခံခဲ့ရသည်။
ဦးချစ်ညိုသည် လွတ်လပ်ရေးခေါင်းလောင်း (၁၉၄၆)၊ အမေ (၁၉၅၀)၊ ကိုယ့်အမျိုး ချစ်သူမို့ (နှစ်တွဲ - ၁၉၅၂)၊ လေသူရဲမယ် (၁၉၅၄)၊ ချစ်တစ်နေ့ သေတစ်နေ့ (၁၉၅၈)၊ ဟူသော ဘာသာပြန် စာအုပ်များကို ရေးသားခဲ့သည်။ ထို့အပြင် ကိုယ်ရေးဝတ္ထုတိုများကိုစုပေါင်း၍ သုံးတလပ်နှင့်ဝတ္ထုတိုများ (၁၉၅၈) ကိုလည်း ထုတ်ဝေခဲ့သည်။ စံနစ်တကျ ကျားကစားနည်း (၁၉၆၆) စာအုပ်ကိုလည်း ရေးသားပြုစုခဲ့သည်။ ဆရာဦးချစ်ညို၏ နောက်ဆုံးရေးလက်စစာမူမှာ "ကျွန်တော့ အစ်ကိုကျားဘညိမ်း စာမူပင်ဖြစ်သည်။
ဆရာဦးချစ်ညိုသည် ၁၉၈၇ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ [၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads