ကျိုခြင်း
From Wikipedia, the free encyclopedia
Remove ads
ကျိုခြင်း အရည်တစ်မျိုးမျိုးကို အငွေ့ပျံစေရန် အပူပေးခြင်း ဖြစ်သည်။ မြန်မာ့ဆေးဝါးဖော်စပ်ရာတွင် ဤချက်ပြုတ်နည်းကို အထူးအလေးပေး အသုံးများကြသည်။ မီးအပူရှိန်မှန်မှန်ဖြင့် ကြာမြင့်အောင် တိုးတည်ထားသည့် နည်းမျိုးဖြစ်သည်။ မြန်မာ့ဆေးဝါးအဖြစ် အသုံးပြုသော သစ်မြစ်၊ သစ်ရွက်၊ သစ်ခေါက်၊ သစ်ဥ စသည်တို့တွင် ပါရှိသည့် ဓာတ်သဘာဝများကို ထုတ်ယူရာတွင် ဤကဲ့သို့ မီးဖိုပေါ် ၌ ကြာမြင့်အောင် မီးရှိန်နည်းနည်းဖြင့် ထားခြင်းကို ဆေးကျိုသည်ဟု ခေါ်တွင်ကြသည်။ ရေနွေးကိုလည်းကျိုသည်ဟုပင်သုံးနှုန်းသည်။
Remove ads
နည်းလမ်း
စားစရာကို ရေအေး (သို့) ရေပူထဲထည့်ပြီး ရေကျိုက်ကျိုက်ဆူစေရန် မီးရှိန်များများဖြင့် ချက်ပြုတ်နည်းဖြစ်သည်။ ဟင်းသီးဟင်းရွက်များကို အလုံးလိုက်ပြုတ်လေ့ရှိပြီး ပဲမျိုးစုံကိုလည်း ပြုတ်ကြသည်။ မျှစ်ပြုတ်၊ ဆန်ပြုတ် စသည်တို့ကိုကိုလည်း ဤနည်းအတိုင်းပြုတ်သည်။ ဤနည်းကို မူတည်၍ ချဉ်ရည်ဟင်း၊ ဟင်းချို၊ စွပ်ပြုတ်၊ ငါးရေချို စသည်ဖြင့် အမျိုးမျိုးသော ချက်ပြုတ်နည်းများ ဖြစ်လာရသည်။[၁]
- နွားနို့ကျိုခြင်း
- အာလူးပြုတ်
- ကြက်ဥပြုတ်
- ဆန်ပြုတ်
Remove ads
အကိုးအကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads