ကျောက်ခေတ်ဟောင်း ခေတ်ဦး
From Wikipedia, the free encyclopedia
Remove ads
ကျောက်ခတ်ဟောင်း ခေတ်ဦးကို Lower Palaeolithic ဟုခေါ်ပြီးကျောက်ခေတ်ဟောင်းတွင် အစောဆုံးသော ကာလအပိုင်းအခြားကို ခေါ်ဆိုခြင်း ဖြစ်သည်။ အချိန်ကာလအားဖြင့် လွန်ခဲ့သော နှစ်ပေါင်း ၂သန်းခွဲခန့်က ဖြစ်ပြီး လူသားတို့ ကျောက်ဖြင့် ပြုလုပ်သော လက်နက် ကိရိယာများကို စတင် အသုံးပြုလာကြောင်း အထောက်အထား တွေ့ရှိရသည့် အချိန်ကာလဟု လက်ရှိ ရှေးဟောင်းသုတေသနမှတ်တမ်းများတွင် မှတ်သားထားသည်။ ထိုအချိန်မှ စတင်ပြီးနောက် လွန်ခဲ့သော နှစ်ပေါင်း ၃ သိန်းကျော်ခန့် အထိကာလ ကြာမြင့်သည်။
ကျောက်ခေတ်ဟောင်း ခေတ်ဦး အပြီးတွင် ကျောက်ခေတ်ဟောင်း ခေတ်လယ် (Middle Palaeolithic) ဖြစ်ပေါ်လာပြီး ပိုမို၍ တိုးတက်သော လက်နက်ကိရိယာများကို တီထွင် အသုံးပြုလာသည့် အချိန်ပင် ဖြစ်သည်။ လူတို့ မီးကို အသုံးပြုလာခြင်းသည် ကျောက်ခေတ်ဟောင်း ခေတ်ဦးတွင် ဖြစ်ပေါ်ခဲ့သည် သို့မဟုတ် ကျောက်ခေတ်ဟောင်း ခေတ်လယ်တွင် ဖြစ်ပေါ်ခဲ့သည် ဆိုသည့်အချက်မှာမူ သုတေသီတို့ အငြင်းပွားကြဆဲပင် ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads