မန္တလေးတိုင်းဒေသကြီးရှိ ခရိုင် From Wikipedia, the free encyclopedia
ကျောက်ဆည်ခရိုင် (အင်္ဂလိပ်: Kyaukse District) သည် မန္တလေးတိုင်းဒေသကြီးတွင် ပါဝင်သော ခရိုင်ဖြစ်သည်။ ခရိုင်ရုံးစိုက်ရာမြို့မှာ ကျောက်ဆည်မြို့ဖြစ်သည်။
ကျောက်ဆည် ခရိုင် | |
---|---|
ခရိုင် | |
မန္တလေးတိုင်းအတွင်းတည်နေရာ | |
မြန်မာနိုင်ငံအတွင်းတည်နေရာ | |
ကိုဩဒိနိတ်: 21°36′48.5″N 96°07′45.0″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | မန္တလေး |
မြို့နယ်ပေါင်း | ၃ |
လူဦးရေ (၂၀၁၄) | |
• စုစုပေါင်း | ၇၃၉,၃၁၅[၁] |
အချိန်ဇုန် | MST (UTC6:30) |
ကျောက်ဆည်ခရိုင်တွင် ပါဝင်သည့် မြို့နယ်များနှင့် မြို့များမှာ အောက်ပါအတိုင်းဖြစ်သည်။
တံတားဦးမြို့နယ်မှာ ၂၀၂၂ခုနှစ် ဧပြီလမှစ၍ တံတားဦးခရိုင် ဖြစ်သွားသည်။
ကျောက်ဆည်ခရိုင်တွင် အမည်တူရွာ အမြောက်အမြား ရှိသည်။ အနောက်ငယ်တိုး၊ အရှေ့ငယ်တိုး၊ အနောက်နန်းရွာ၊ အရှေ့နန်းရွာ၊ အရှေ့သာဂရ၊ အနောက်သာဂရ၊ အရှေ့သပြေကုန်း၊အနောက်သပြေကုန်း၊ တောင်ပေါင်လောင်၊ မြောက်ပေါင်လောင်၊ သင်တောင်းကြီး၊ သင်တောင်းငယ် အစရှိသည်တို့ ဖြစ်သည်။
ကျောက်ဆည်ခရိုင်၏ အရှေ့ဘက်တွင် ရှမ်းပြည်နယ်မှ တောင်ကြီးခရိုင်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ဘက်တွင် မိတ္ထီလာခရိုင်နှင့် မြင်းခြံခရိုင်၊ အနောက်ဘက်တွင် မြင်းခြံခရိုင်နှင့် မြောက်ဘက်တွင် မန္တလေးခရိုင်နှင့် စစ်ကိုင်းတိုင်းမှ စစ်ကိုင်းခရိုင်တို့ တည်ရှိသည်။
ခရိုင်၏ အရှေ့ဘက်ခြမ်းသည် ရှမ်းရိုးမ၏ တောင်စွယ်တောင်တန်းများဖြင့် တည်ရှိနေသည်။ အနောက်ဘက်ခြမ်းသည် ညီညာပြန့်ပြူးသည်။ ကျောက်ဆည်နယ်တစ်ဝိုက်တွင် စိုက်ပျိုးမြေများမှာ သဲဆန်သော မြေနီသဲဝန်းမြေများဖြစ်သည်။ရွှေသာလျောင်း၊ ပြက္ခရွေ၊ ဓာတ်တော်၊ နတ်တပင်၊ ကုလားကျောင်း၊ ထီးတော်ရိပ်၊ စပါယ်၊ နွားလည်ကောက် စသည့် တောင်တန်းများ တည်ရှိနေသည်။ မြန်မာပြည်၏ အလယ်ဗဟိုဟု မှတ်ယူကြသော ပြက္ခရွေတောင်သည် မြစ်သားမြို့နယ်တွင် တည်ရှိသည်။
မြစ်ငယ်မြစ်သည် ကျောက်ဆည်ခရိုင်၏ မြောက်ဘက်တွင် မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်တို့နှင့် နယ်နိမိတ်အဖြစ် စီးဆင်းနေသည်။ အခြားမြစ်များမှာ ဇော်ဂျီ၊ ပန်းလောင်၊ စမုံ စသည့် မြစ်များဖြစ်ကာ စိုက်ပျိုးရေးအတွက် အရေးပါသည်။ အခြားသော ချောင်းများလည်း ဖြတ်သန်းစီးဆင်းနေကြသည်။ ဇော်ဂျီမြစ်နှင့် စမုံမြစ်တို့သည် မြစ်ငယ်မြစ်အတွင်း စီးဝင်ကာ မြစ်ငယ်မြစ်သည် တံတားဦးမြို့နယ်အစပ်တွင် ဧရာဝတီမြစ်အတွင်းသို့ ဆက်လက်စီးဝင်သည်။
ကျောက်ဆည်ခရိုင်၏ ရာသီဥတုမှာ ပူပြင်းခြောက်သွေ့သည်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ ကျောက်ဆည်ခရိုင်၏ လူဦးရေမှာ ၇၄၁,၀၇၁ဦးဖြစ်သည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်စဉ်ထုတ်ပြန်ချက်များအရ ၂၀၁၉ခုနှစ်တွင် လူဦးရေမှာ ၇၁၀,၀၃၆ ဖြစ်သည်။ ကျောက်ဆည်မြို့နယ်သည် အချက်အချာကျသည့် အားလျော်စွာ ခရိုင်အတွင်း လူဦးရေ အများဆုံးဖြစ်သည်။ ကျောက်ဆည်ခရိုင်တွင် လူဦးရေ၏ ၁၁ရာခိုင်နှုန်းဖြစ်သော လူဦးရေ ၈၀၀၀၀ကျော်သည် မြို့ပြတွင် နေထိုင်ကာ လူဦးရေ ၆.၆သိန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြသည်။ ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကြသည်။
ခုနှစ် | လူဦးရေ | ±% |
---|---|---|
၂၀၁၄ | ၇၄၁၀၇၁ | — |
၂၀၁၈ | ၇၀၁၆၇၅ | −5.3% |
၂၀၁၉ | ၇၁၀၀၃၆ | +1.2% |
Source: ၂၀၁၄ သန်းခေါင်စာရင်း |
ကျောက်ဆည်ခရိုင်သည် မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေး အသင့်အတင့် ကောင်းမွန်သော ခရိုင်ဖြစ်သည်။ ခရိုင်အတွင်းနေထိုင်သူများသည် စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြသည်။ စပါး၊ ကြက်သွန်၊ ငရုတ်၊ ကုလားပဲ စသည်တို့ကို စိုက်ပျိုးကြသည်။
ကျောက်ဆည်ခရိုင်သည် လမ်းပန်းဆက်သွယ်ရေး လွယ်ကူသော ခရိုင်ဖြစ်သည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ခရိုင်၏ အနောက်အလယ်ပိုင်းမှ ဖြတ်သန်းသွားသည်။ ထို့အပြင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းသည် ခရိုင်အတွင်း ဖြတ်သန်းသွားကာ အခြား မြို့နယ်ချင်းဆက်လမ်းများ၊ ခရိုင်ချင်းဆက်လမ်းများဖြင့် အခြားသော ပြည်နယ်/တိုင်း/ခရိုင်များသို့ လွယ်ကူစွာသွားလာနိုင်သည်။ မန္တလေးမြို့၏ အဓိကလေဆိပ်ဖြစ်သော မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် တံတားဦးမြို့နယ်အတွင်း၌ တည်ရှိသည်။
ကျောက်ဆည်ခရိုင်အတွင်း အဆင့်မြင့်ပညာရေးကဏ္ဍအတွက် ကျောင်းအများစုမှာ ကျောက်ဆည်မြို့နယ်အတွင်း တည်ရှိသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.