ကျောက်တုံးမြို့

From Wikipedia, the free encyclopedia

ကျောက်တုံးမြို့
Remove ads

ကျောက်တုံးမြို့ ကို မီဂျီ ကုန်းဂွယ် (ဆွာဟီလီ ဘာသာဖြင့် မြို့ဟောင်း) ဟုလည်း ခေါ်ကြပြီး တန်ဇေးနီးယားနိုင်ငံ ဇမ်ဇီဘာ ဒေသရှိ ဇမ်ဇီဘာစီးတီး၏ မြို့ဟောင်းဘက် အပိုင်းဖြစ်သည်။ မြို့သစ်ဘက် အပိုင်းအား ငမ်ဘို ဟု ခေါ်ကြပြီး ဆွာဟီလီဘာသာဖြင့် အခြားတစ်ဘက်ဟု အဓိပ္ပာယ် ရသည်။ ကျောက်တုံးမြို့သည် ဇမ်ဇီဘာကျွန်းစု၏ အဓိကကျွန်းဖြစ်သော အွန်ဂူးဂျာကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းတွင် တည်ရှိသည်။ ဇမ်ဇီဘာ စူလတန်နိတ်၏ ယခင်မြို့တော် ဖြစ်ခဲ့ပြီး ၁၉ ရာစု အတွင်း ဟင်းခတ်အမွှေးအကြိုင် ကုန်သွယ်ရေး နှင့် ကျွန်ရောင်းဝယ်ရေးတို့ ထွန်းကားရာ နေရာ ဖြစ်ခဲ့ကာ ဇမ်ဇီဘာ အနေနှင့် ဗြိတိသျှတို့၏ အစောင့်အရှောက်ခံ ဒေသ အဖြစ် တည်ရှိခဲ့စဉ်က အဓိက မြို့တော် အဖြစ် အရေးပါခဲ့သည်။ [] တန်ဂန်ရီကာ နှင့် ဇမ်ဇီဘာတို့ ပေါင်းစည်းပြီး တန်ဇေးနီးယား ပြည်ထောင်စု သမ္မတ နိုင်ငံ ဖြစ်လာသော အခါတွင် ဇမ်ဇီဘာသည် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ဆက်လက်တည်ရှိခဲ့ပြီး ကျောက်တုံးမြို့သည် ဒေသဆိုင်ရာ အစိုးရ ရုံးထိုင်ရာ နေရာ ဖြစ်လာခဲ့သည်။

Thumb
ကျောက်တုံးမြို့ မြင်ကွင်းကျယ်
အချက်တိုများ ဇန်ဇီဘာရှိ ကျောက်တုံးမြို့*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads