ကျောက်ဖြူပညာရေးဒီဂရီကောလိပ်

From Wikipedia, the free encyclopedia

Remove ads

ကျောက်ဖြူပညာရေးကောလိပ်(အင်္ဂလိပ်: Kyaukphyu Education College)သည် ရခိုင်ပြည်နယ်ကျောက်ဖြူမြို့ရှိ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ခံ ပညာရေးကောလိပ်ကျောင်း ဖြစ်သည်။ ကျောင်းသားသမဂ္ဂ ရှိသည်။

၂၀၁၉ ဒီဇင်ဘာမှ စပြီး၊ နိုင်ငံတဝန်း ပညာရေးကောလိပ် ၂၅ ကျောင်းကို ပညာရေးဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်ရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ဖြစ်လာသည်။ ယခင် ၂ နှစ်သင်တန်းမှ ၄ နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။[]

Remove ads

အဆောင်

  1. ရမ္မာဆောင်
  2. ပင်ပဆောင်

[]

သင်တန်း

  • လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ပညာဒီပလိုမာသင်တန်း(DTED)
  • မူလတန်းဆရာ အတတ်ပညာဒီပလိုမာသင်တန်း(PPTT)

[]

ဆန္ဒပြပွဲ

ဆရာအတတ်သင် ပညာရေးသင်တန်းနှင့်ပတ်သက်၍ ကျောင်းသူကျောင်းသားများအတွက် နစ်နာဆုံးရှုံးမှုများ ရှိသည်ဟု ဆိုကာ၊ ၂၀၁၈ စက်တင်ဘာတွင် ကျောင်းသားသမဂ္ဂမှ ဦးဆောင်သော ကျောင်းသား ၂၀၀ ခန့်သည် ဆန္ဒပြခဲ့ကြသည်။ [] ၂၀၁၉ ဩဂုတ်တွင် မြန်မာပြညအနှံ့ လှုပ်ခတ်သွားသော ဖဲကြိုးစိမ်း လှုပ်ရှားမှုတွင်လည်း ပါဝင်ပြီး၊ ပညာရေးဝန်ကြီးဌာနမှ စီမံသော ဒီပလိုမာရပြီးနောက် ဘွဲ့မရသေးသော ကျောင်းသား သောင်းချီအနက်မှ ၆၀၀၀ ခန့်ကိုသာ BA နှင့် BSc ဘွဲ့အတွက် ကန့်သတ် သင်တန်းပေးမည့် ကိစ္စအပေါ် မကျေနပ်ရာ၊ ကျောင်းသားသမဂ္ဂမှ လိုလားချက်များ တောင်းဆိုခဲ့ကြသည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads