ကျောက်လုံး၊ ဦး

From Wikipedia, the free encyclopedia

ကျောက်လုံး၊ ဦး
Remove ads

ဦးကျောက်လုံး (၁၉၁၇-၁၉၈၂)သည် အကယ်ဒမီ ရုပ်ရှင် ထူးချွန်ဆု သုံးကြိမ်တိုင်တိုင် ရရှိခဲ့သော သရုပ်ဆောင်တစ်ဦးဖြစ်သည်။ လူကြမ်း၊ လူယုတ်မာ ဇာတ်ရုပ်များတွင် အလွန်ပီပြင်စွာ သရုပ်ဆောင်နိုင် သည့်အပြင် အချစ်၊ ဒရာမာ စသည့် ကျရာ ဇာတ်ရုပ် များတွင်ပါ ပိုင်နိုင်လှ သောကြောင့် ယနေ့တိုင် ပရိသတ်မှ အမှတ်ရလျက် ရှိနေကြသည်။

ဦးကျောက်လုံး
Thumb
မွေးသက္ကရာဇ် ၁၉၁၇
နိုင်ငံ မြန်မာ
အမည်ရင်း ဦးအောင်ကြီး
မိဘအမည် ဦးသေး + ဒေါ်တင်
မွေးဖွားရာ ဒေသ နွားထိုးကြီးမြို့
ထင်ရှားကျော်ကြားမှု နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်
Remove ads

ငယ်ဘဝ

အမည်ရင်းမှာ ဦးအောင်ကြီး ဖြစ်ပြီး အဖဦးသေး နှင့် ဒေါ်တင်တို့မှ ၁၉၁၇ခုနှစ်တွင် မြင်းခြံခရိုင် နွားထိုးကြီးမြို့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ခုနှစ်ဦး အနက် စတုတ္တမြောက် သားဖြစ်သည်။ ငယ်စဉ်က မြင်းခြံမြို့တွင် ပညာသင်ကြားခဲ့ပြီး ဆယ်တန်း အောင်မြင်ခဲ့သည်။ ဆယ်တန်း အောင်ပြီး မြင်းခြံမြို့ ခရိုင်ရုံးစာရေးအဖြစ် လုပ်ကိုင်ခဲ့သည်။ ဦးအောင်ကြီး သည် အလုပ်ကို ကြိုးစားလုပ်ကိုင်သည်။ စည်းစနစ် ကျနသည်။ ထို့ကြောင့် ၁၉၄၁-ခုနှစ်တွင် မြင်းခြံနှင့် မိတ္ထီလာထောင်များတွင် ထောင်မှူးအလုပ်ကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ကန်ထရိုက် လုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်ခဲ့ပြီး ဦးအောင်ကြီးကို ကျော်အောင်ကုမ္ပဏီပိုင်ရှင် အဖြစ် သိရှိကြသည်။ ၁၉၅၂-ခုနှစ်တွင် မန္တလေး ဦးဘသိန်း တို့နှင့်အတူ `သင်္ဂဟ´တူရိယာအဖွဲ့အား စုပေါင်းတည်ထောင်ခဲ့သည်။

Remove ads

သရုပ်ဆောင်ဘဝ

ဂျပန်ခေတ် ၁၉၅၄-ခု၊ မန္တလေးတွင် ထောင်ပိုင်ဘဝ ဖြင့်နေထိုင်စဉ် မိတ်ဆွေ မန္တလေးရုပ်ရှင်မှ ပွဲဦးထွက် ဇာတ်ကားဖြစ်သော ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် `ဘဝသံသရာ´ဇာတ်ကား၌ သရုပ်ဆောင်ပေးရန် အကူအညီ တောင်းသဖြင့် ဝင်ရောက် သရုပ်ဆောင် ပေးခဲ့သည်။ ဆရာဝန်အခန်း တစ်ခန်း ပါဝင်သရုပ်ဆောင်ပေးသည်။ သရုပ်ဆောင် ပညာရပ်အား လွယ်ကူစွာ နားလည် သဘောပေါက်ခြင်း၊ ဒိုင်ယာလောခ့် ပိုင်နိုင်ခြင်း စသည့် အနုပညာ ဓာတ်ခံ များကြောင့် မကြာမီပင် ဇာတ်ကားများ ဆက်လက် ရိုက်ကူးရန် အခွင့်အလမ်း ကောင်းများ ရလာခဲ့သည်။ ထိုဇာတ်ကားတွင် မန္တလေးဦးအောင်ကြီးဟု စာတန်းထိုးသည်။

Remove ads

ဦးကျောက်လုံး အမည်တွင်ခြင်း

မန္တလေး ဦးအောင်ကြီး အား ဦးကျောက်လုံး ဖြစ်လာစေသော ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ `ဤလူ့ဘောင်တွင်´ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် ဦးအောင်ကြီးသည် လူယုတ်မာ တစ်ဦးအသွင် သရုပ်ဆောင်ရသည်။ သရုပ်ဆောင် ပီပြင်သည့်အတွက် ဦးအောင်ကြီး မှ ဦးကျောက်လုံး အမည်တွင် သွားခဲ့သည်။

၁၉၆၂ခုနှစ်တွင် ရွှေမန်းရုပ်ရှင် ဒါရိုက်တာ ရွှေဒုံးဘီအောင် ၏ "အတွေ့" ဇာတ်ကားဖြင့် ပထမဆုံး အမျိုးသားဇာတ်ပို့ ဆုရရှိ ခဲ့ပြီး ၁၉၆၄ခုနှစ်တွင် ရှုမဝဦးကျော်၏ "ရင်ဝယ်တသိမ့်သိမ့်" နှင့် ဒုတိယအကြိမ် အမျိုးသားဇာတ်ပို့ဆု ထပ်မံ ရရှိခဲ့သည်။ ထို့နောက် ၁၉၆၅ခုနှစ်တွင် "ချစ်သမီး" ဇာတ်ကားဖြင့် တတိယအကြိမ် ထူးချွန်ဆု ရရှိ ခဲ့ပြန်သည်။ ထို"ချစ်သမီး" ဇာတ်ကားတွင် ပရိသတ် တွေ့မြင်နေကြ လူကြမ်း ဇာတ်ကောင် အဖြစ်သရုပ်မဆောင်ပဲ မွေးစားသမီးဖြစ်သူအား လွန်စွာ ချစ်သော ဖခင်အဖြစ် သရုပ်ဆောင် ခဲ့သလို၊ သမီးအဖြစ် သရုပ်ဆောင် ခဲ့သူ ဝါဝါဝင်းရွှေပါ အကယ်ဒမီဆု ရရှိခဲ့သည်။ ဦးကျောက်လုံးသည် ထိုစဉ် ကာလများက ပရိသတ်၏ အရွံ၊ အမုန်းကိုလွန်စွာ ခံရသူဖြစ်ကာ ဝမ်းသာစွာ ခံယူတတ် သူလည်း ဖြစ်သည်။ "ပရိသတ် အရမ်းမုန်း ခံရလေ အရမ်းအောင်မြင်လေ" ဟုဆို ခဲ့ဖူးသူဖြစ်သည်။

မိသားစုဘဝနှင့် နိဂုံး

အနုပညာလောက သို့ ရောက်စတွင် မန္တလေးမြို့အုတ်တန်းအရပ်၌ နေထိုင်သော်လည်း နောက်ပိုင်းတွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့ကာ နောက်ဆုံးအချိန် ထိနေထိုင်ခဲ့သည်။ ဇနီးမှာ ဒေါ်မြမြ ဖြစ်၍ သားသမီး ၇ယောက် ထွန်းကားခဲ့ပြီး မြေးဖြစ်သူ ဝါဝါအောင် တစ်ဦးသာ သရုပ်ဆောင်လောက သို့ဝင်ရောက်ခဲ့သည်။ ၁၉၈၂ခုနှစ် မေလ(၂၆)ရက်နေ့ ရန်ကုန်ရှိ တာမွေနေအိမ်၌ အသက်၆၅နှစ် အရွယ်တွင် ကွယ်လွန်သည်။

အမျိုးသားဇာတ်ပို့ဆု

ပထမဆုံး (အမျိုးသားဇာတ်ပို့ဆု)အကယ်ဒမီ ရရှိသူ ဖြစ်သည်။ အကယ်ဒမီ (အမျိုးသားဇာတ်ပို့ဆု) သုံးကြိမ် ဆွတ်ခူးရရှိခဲ့သည်။

  • ၁၉၆၂-ခုနှစ် (အတွေ့)ဇာတ်ကား
  • ၁၉၆၄-ခုနှစ် (ရင်ဝယ် တစ်သိမ့်သိမ့်)ဇာတ်ကား
  • ၁၉၆၅-ခုနှစ် (ချစ်သမီး)ဇာတ်ကား

[] []

Remove ads

ရည်ညွှန်းကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads