ကျောင်း

From Wikipedia, the free encyclopedia

ကျောင်း
Remove ads

ကျောင်းဟူသည့် အဓိပ္ပာယ် အဓိကအရင်းအမြစ်မှာ သတ္တဝါ တစ်ဦး တစ်ယောက် (လူအပါအဝင်) သို့မဟုတ် ထိုထက်များသော သူတို့အား လိုချင်သည့် ပုံစံ ရယူရန် သို့မဟုတ် အမှားပြုလုပ်ခြင်းမှ ကင်းလွတ်စေရန် ထိန်းကျောင်းခြင်းကို ဆိုလိုသည်။ ဥပမာ အနေဖြင့် နွားတစ်ကောင်အား ထိန်းကျောင်းရာတွင် သူတပါး၏ လယ်မြေသို့ မှားယွင်းမဝင်စေရန်၊ သူတပါးလယ်ယာမြေမှ စပါးပဲတို့ကို မစားမိစေရန်အတွက် ထိန်းကျောင်းပေးခြင်းကဲ့သို့သော အဓိပ္ပာယ်ကို ဆိုလိုသည်။ ထိုစကား၏အဓိပ္ပာယ်သက်ရောက်မှု ရှိသော နေရာ အဆောက်အဦးကို ကျောင်း ဟုခေါ်သည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း သို့မဟုတ် ခရစ်ယာန် ချာ့ချ်ကျောင်းတို့သည် လူသားတို့အား အမှားများမပြုလုပ်မိစေရန်နှင့် ကောင်းမှုများပြုလုပ်ကြရန် တိုက်တွန်း၍ ပြဿနာများအား အကောင်းဆုံးဖြေရှင်းနိုင်စေရန် ဆိုဆုံးမပေးသော နေရာဖြစ်သည်။ ထိုကြောင့် ကျောင်းဟူသည့်အဓိပ္ပာယ် သက်ရောက်မှုရှိသည့်အတွက် ကျောင်းဟုခေါ်သည်။ ထိုသို့ သင်ကြား ပြသပေးသူကို ဆရာဟုခေါ်သည်။ ထို့အပြင် မြန်မာစကား၌ ကျောင်းဟူသည့် အဓိပ္ပာယ်ပေါင်း မြောက်မြားစွာရှိသည်။ သို့သော် ဤနေရာတွင် ပညာသင်ကြားသော ကျောင်းကိုသာ အဓိကထားလိုသည်။

Thumb
အင်္ဂလန်နိုင်ငံရှိ စာသင်ကျောင်းတစ်ခု
Thumb
ဆူဒန်နိုင်ငံရှိ ကျောင်းတစ်ခု

ကျောင်းဆိုသည်မှာ စာသင်ပြပေးသော ဆရာတစ်ဦး၏ လက်အောက်တွင်ရှိသော အဖွဲ့အစည်းပုံစံ တစ်ခုဖြစ်သည်။ နိုင်ငံအများစုတွင် ပညာသင်ကြားနိုင်ရန်အတွက် ဖွဲ့စည်းပုံ၊ နည်းစနစ်များရှိကြသည်။ ဤအဖွဲ့အစည်းများ၏ နည်းစနစ်များသည်ကား ကျောင်းသားတစ်ယောက်သည် အတန်းတစ်ခု တက်ရန်အတွက် အတန်းတင် စာမေးပွဲကို ဖြေဆိုရမည် ဖြစ်သည်။ ထိုအတန်းတင် စာမေးပွဲကို ဖြေဆိုအောင်မြင်ပါက နောက်ထပ် အဆင့်မြင့်သော အတန်းသို့ တက်လှမ်းနိုင်ခွင့် ရှိသည်။ ထိုသို့သော အဆင့်အတန်း ခွဲခြားထားသည့် ကျောင်းများကို အမျိုးမျိုး ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံတွင်မူ မူလတန်းကျောင်း၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း၊ ကောလိပ်၊ တက္ကသိုလ် ဟူ၍ ခေါ်ဆိုကြသည်။

ထိုအထဲတွင် အစိုးရထောက်ပံ့သော ကျောင်းများရှိသကဲ့သို့ အစိုးရ၏ အထောက်အပံ့ကို မယူသော ကျောင်းများလည်း ရှိသည်။ ထိုသို့သော ကျောင်းမျိုးကို ပုဂ္ဂလိက ကျောင်းဟူ၍ ခေါ်ဆိုသည်။ ထိုကျောင်းများသည် ခလေးသူငယ်များ မှစ၍ အရွယ်ရောက်ပြီးသူများကိုလည်း သင်ကြားပေးကြသေးသည်။ဥပမာအနေဖြင့် မူလတန်းကြိုကျောင်း၊ ကွန်ပျူတာသင်တန်းများ၊ အီလက်ထရောနစ်သင်တန်းများ အစရှိသည်တို့ ဖြစ်ကြသည်။ မည်သို့ပင်ဆိုစေ မည်သည့်ကျောင်းတွင်မဆို ကျောင်း၌ အထူးချွန်ဆုံးသော ကျောင်းသားများအား ဆုချီးမြှင့်ကြသည်။ အစိုးရထောက်ပံ့သော ကျောင်းများ၌ ကျောင်းသား ကျောင်းသူများသည် ငွေကြေးမတတ်နိုင်ပါက ပညာသင်ဆုများ လျှောက်ထားနိုင်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads