ကျော်ကိုကို

မြန်မာနိုင်ငံ၏ ထင်ရှားသော ရှေ့တန်း ဘောလုံး ကစားသမားတစ်ဦး From Wikipedia, the free encyclopedia

Remove ads

ကျော်ကိုကို (၂၀ရက် ဒီဇင်ဘာလ၊ ၁၉၉၂ မွေးဖွား) သည် မြန်မာလက်ရွေးစင်ဘောလုံးအသင်းနှင့် ချင်းမိုင် ယူနိုက်တက် ဘောလုံးကလပ်မှ ရှေ့တန်းတိုက်စစ်မှူးတစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ၏ အလားအလာအကောင်းဆုံး ဘောလုံးကစားသမားတစ်ဦးဖြစ်သည်။၂၀၁၄ ခုနှစ်တွင် ကျော်ကိုကိုသည်IFFHS မှထုတ်ပြန်သည့် ကမ္ဘာ့အကောင်းဆုံး ဂိုသွင်းသူများစာရင်းတွင် ဂိုးစုစုပေါင်း (၁၂)ဂိုးဖြင့်အဆင့်(၇)တွင်ရပ်တည်ခဲ့သည်။ တစ်ချိန်ကဂျာမနီကလပ် နုရင်ဘတ် အသင်း၏ ကမ်းလှမ်းမှုကို ခံခဲ့ရသည်၊ သို့သော် အပြောင်းအရွှေ့ ကိစ္စမှာမအောင်မြင်ခဲ့ပေ၊ အချို့မှာမူဤအပြောင်းအရွေ့သတင်းမှာ ကောလဟာလ ဟု ပြောခဲ့ကြသည်။ ကမ်းလှမ်းသည် မကမ်းလှမ်းသည်ကို တိကျစွာ မသိရပေ။

အချက်တိုများ ကိုယ်ရေးအချက်အလက်များ, အရပ်အမြင့် ...
Remove ads

အစောပိုင်းဘဝ

ကျော်ကိုကို ကို ဒီဇင်ဘာလ၊ ၁၉၉၂ ခုနှစ်တွင် အမရပူရမြို့မန္တလေးတိုင်းတွင် မွေးဖွားခဲ့သည်။ ကျော်ကိုကိုသည် အသက် ၁၃နှစ်အရွယ်တွင် မန္တလေး အားကစားနှင့် ကာယသိပ္ပံ တွင် သင်ကြားခဲ့ပြီး ၂၀၀၉ခုနှစ်တွင် ဇေယျာရွှေမြေအသင်းသို့ ပြောင်းရွှေ့ခဲ့သည်။ သူသည် ဇေယျာရွှေမြေ အသင်းတွင် ၂၀၀၉ခုနှစ် မြန်မာနေရှင်နယ်လိဂ်စတင်ချိန် အသက် ၁၇နှစ် အရွယ်ထဲမှ ကစားခဲ့သူဖြစ်သည်။

ကစားသမားဘဝ

၂၀၀၉ - ၁၀ ဘောလုံးရာသီတွင် ကျော်ကိုကိုသည် မြန်မာနေရှင်နယ်လိဂ်၌ ခြေစွမ်းပြ၍ အသက် ၁၈နှစ်အရွယ်တွင် မြန်မာ့လက်ရွေးစင်နှင့် ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ကန်ခဲ့ရသည်။ ခြေစစ်ပွဲမအောင်မြင်ခဲ့ပေ။ ထို့နောက် ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲ၌ မြန်မာ ယူ-၂၃ အသင်းနှင့် အတူလိုက်ပါပြီး မြန်မာ အသင်းကို ကြေးတံဆိပ်(တတိယ) ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ သူသည် အဆိုပါ ပြိုင်ပွဲ၌ ၅ဂိုးသွင်းယူနိုင်ခဲ့သည်။ အဆိုပါဂိုးများမှာ လာအိုဘက်သို့ တစ်ဂိုး၊ ဘရူနိုင်း ဘက်သို့ တစ်ဂိုး၊ ဖိလစ်ပိုင်သို့ ၂ဂိုးတို့နှင့် ကြေးတံဆိပ်ဆုလုပွဲတွင် ဗီယက်နမ် အသင်းဘက်သို့ မြန်မာအသင်းအတွက် တတိယနေရာသေချာစေခဲ့သော တစ်ဂိုးတို့ ဖြစ်ကြသည်။ ထိုပြိုင်ပွဲအပြီးတွင် ကျော်ကိုကိုသည် Goal.com မှ ရွေးချယ်သော အရှေ့တောင် အာရှအကောင်းဆုံး လူငယ် ဘောလုံးသမား ၁၀ဦး စာရင်း၌ ပါဝင်လာခဲ့သည်။ ထို့အပြင် ဒီဇင်ဘာလ ၁၅ရက်နေ့၊ ၂၀၁၁ ခုနှစ်တွင် ကျော်ကိုကိုသည် မြန်မာဘောလုံးအဖွဲ့ချုပ်မှ ချီးမြှင့်သော မြန်မာနိုင်ငံ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို ဧရာဝတီ ဂိုးသမား သီဟစည်သူနှင့် ရန်ကုန်အလယ်တန်းလူ ရန်မျိုးအောင် တို့ကို ကျော်ဖြတ်၍ ဆွတ်ခူးခဲ့သည်။ ဖေဖော်ဝါရီ လ ၂၈ရက်၊ ၂၀၁၂ ခုနှစ်တွင် မြန်မာ ယူ-၂၁ အသင်းသည် အင်ဒိုနီးရှား အသင်းနှင့် ယှဉ်ပြိုင်ကစားရာ ပထမပိုင်းအပြီး တွင် မြန်မာအသင်း ၀-၁ ဖြင့် ရှုံးနေပြီး ဒုတိယပိုင်းတွင် ကျော်ကိုကိုအား ထည့်သွင်းကစားရာ ကျော်ကိုကို အထူးခြေစွမ်းပြ၍ အင်ဒိုနီးရှားအား ပွဲအပြီးတွင် ၃-၁ဖြင့်အနိုင်ရရှိခဲ့သည်။ ထိုပွဲတွင် ကျော်ကိုကိုသည် ကိုယ်တိုင် ၁၀မိနစ်အတွင်း နှစ်ဂိုးသွင်းယူခဲ့သည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ ကြောက်စရာ အကောင်းဆုံး တိုက်စစ်မှူး အဖြစ် အရှေ့တောင်အာရှမှ အိမ်နီးချင်းနိုင်ငံများက သတ်မှတ်ခြင်းခံထားရသည်။

Remove ads

အပြောင်းအရွေ့ ကောလဟာလများ

ပရီးမီးယားလိဂ်ကလပ် ကွင်းပါ့ခ်ရိန်းဂျား အသင်းမှာ ကျော်ကိုကို၏ ဂိုးသွင်းယူမှုများအား ယူကျူ့ပေါ်တွင် ကြည့်ရှုပြီး စိတ်ဝင်စားနေသေးသည်ဟု မြန်မာအွန်လိုင်း ဘောလုံးဂျာနယ် ဆော်ကာမြန်မာမှ ရေးသားခဲ့သည်။

နိုင်ငံအသင်းနှင့်ရရှိခဲ့သောဆုများ

  • ၂၀၁၁ ဆီးဂိမ်း (တတိယ)

တစ်ဦးချင်း ဆုများ

  • မြန်မာနိုင်ငံ၏ အကောင်းဆုံးဘောလုံးသမားဆု (၂၀၁၁)


Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads