ကျော်ကျော်ဗိုလ်

From Wikipedia, the free encyclopedia

ကျော်ကျော်ဗိုလ်
Remove ads

ကျော်ကျော်ဗိုလ် (၁၇ ဧပြီ ၁၉၇၈ ဖွား) သည် မြန်မာနိုင်ငံသား မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ ရုပ်ရှင်သရုပ်ဆောင် နှင့် ဇာတ်မင်း သား တစ်ဦးဖြစ်သည်။ အဆိုတော်တစ်ဦး အဖြစ်လည်း အသက်မွေးခဲ့သည်။[]

အချက်တိုများ ကျော်ကျော်‌ဗိုလ်, ဇာတိ အမည် ...
Remove ads

ငယ်ဘဝ

ဇာတ်သဘင်မျိုးရိုးမှ ဆင်းသက်လာသူတစ်ဦး ဖြစ်ပြီး ဇာတ်သဘင်သမိုင်း၏ အထင်ကရကပုဂ္ဂိုလ် အလင်္ကာကျော်စွာ ရွှေမန်းတင်မောင် ၏ မြေးဖြစ်သည်။ သူ၏ ဖခင်မှာ မင်းသားဦးဝင်းဗိုလ် ဖြစ်ပြီး မိခင်မှာ ဒေါ်ခင်သန်းမြင့် ဖြစ်သည်။ သူသည် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးချိန်နောက်ပိုင်း မစ္စတာဂစ်တာကဖေး တွင် တေးသီချင်းဆိုသည့် အလုပ်ကို လေးနှစ်ကြာလုပ်ကိုင်ခဲ့သည်။ ယင်းနောက် ဖခင်ဖြစ်သူ ဦးဝင်းဗိုလ် နှင့် ဦးလေးဖြစ်သူ ဦးချမ်းသာတို့၏ ဇာတ်သဘင်တို့တွင် ပါဝင်ကပြသည်။ ပြဇာတ်များဘက်တွင် အောင်မြင်ခဲ့သည်။ နောက်ပိုင်းတွင် ဇာတ်သဘင်လောကမှနေ၍ သရုပ်ဆောင်ဘက်သို့ ကူးပြောင်းသည်။[]

Remove ads

ရုပ်ရှင်သရုပ်ဆောင်ဘဝ

မင်းဗီဒီယိုထုတ်လုပ်ရေးက ခေါင်းဆောင်မင်းသားအဖြစ် စတင်တင်မြှောက်ရိုက်ကူးမှုများမှတဆင့် သူသည် ရုပ်ရှင်နှင့် ဗီဒီယိုလောကတွင် နေရာတစ်ခုရလာခဲ့သည်။ ပင်ပျိုမှတ်စုခဏခဏမပြောရဘူးရွှေနားတော်သွင်း ချစ်ခြင်းစကား စသည့် ဇာတ်ကားတို့မှာ အောင်မြင်မှုရခဲ့ပြီး ဇာတ်ဟန်ပန်အမူအယာပျောက်သည့် သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်က လက်ခံခဲ့သည်။ ၂၀၁၈ ခုနှစ်အတွက်ပေးအပ်ခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် မုန်းစွဲ ရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့သည်။[]

Remove ads

လူရွှင်တော်ဘဝ

ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၏ ဦးဆောင်မှုဖြင့် သရုပ်ဆောင် မင်းမော်ကွန်းနေတိုးထွန်းထွန်းရဲလေးတို့ပါဝင်သည့် နှင်းဆီအငြိမ့်အဖွဲ့တွင် သူသည် လူရွှင်တော်အဖြစ် အတွဲညီညီပါဝင်ခဲ့သည်။[]

ပုဂ္ဂိုလ်ရေးဘဝ

သူသည် အိမ်ထောင်သည်တစ်ဦးဖြစ်သည်။သမီး တစ်ဦးရှိသည်။ဇနီးဖြစ်သူမှာ ဖက်ရှင်ဒီဇိုင်နာတစ်ဦး ဖြစ်သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads