ကျော်စွာ (ပုဂံ)
From Wikipedia, the free encyclopedia
Remove ads
ကျော်စွာ (၂ ဩဂုတ် ၁၂၆၀ – ၁၀ မေ ၁၂၉၉) သည် ပုဂံခေတ် နရသီဟပတေ့မင်း၏ သားလတ်ဖြစ်သည်။ (ခရစ်-၃၀ မေ ၁၂၈၉)တွင် နန်းတက်သည်။ နန်းသက် ၈-နှစ်ဖြစ်သည်။ မင်းသားဘဝက ဒလမြို့စားဖြစ်သဖြင့် ကျောက်စာအချို့တွင် ဒလသူကြီးဟူ၍ တွေ့ရှိရတတ်သည်။ နန်းတက်ဘွဲ့မှာ သီရိတြိဘဝနာဒီတျ ဖြစ်သည်။ နန်းတက်ပြီးနောက် ၁၂၉၇ နှစ်တွင် မွန်ဂိုတို့က ထောက်ခံသဖြင့် ပုဂံမင်းအဖြစ် ဆက်လက်အသိအမှတ်ပြုသည်။
ထီးနန်းဆက်ခံသည့်အခါ ရခိုင်နှင့် မွန်တို့မှ ပုန်ကန်ခြားနားကြသည်။ ခမည်းတော် လက်ထက်ကတည်းက ကျောက်ဆည်နယ်နှင့် လယ်တွင်းနယ်များကို အပိုင်စား ပေးခဲ့သော ပြော့သိင်္ခဗိုလ် သားများဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြန် နှင့်သီဟသူ တို့သည်လည်း ၁၇ ဒီဇင်ဘာ ၁၂၉၇ တွင် ကျော်စွာကို ထီးနန်းမှချ ၁၀ မေ ၁၂၉၉ တွင် ကွပ်မျက်၍ ကံတော်ကုန်သည်။ ပုဂံထီးနန်းကို ကျော်စွာ၏သားတော် စောနစ်က ဆက်လက်အုပ်စိုးသည်။ [၁] ထိုသို့ ဘုရင်အား နန်းချကွက်မျက်သည်ကို သီရိရာဇာ အမည်ရှိ အမတ်တစ်ဦးက ပန်းလောင်မြစ်အနောက်ဘက်ဒေသကို အခြေပြု ဆန့်ကျင်ပုန်ကန်သည်ကိုလည်း မင်းညီနောင်များက နှိမ်နှင်းနိုင်ခဲ့သည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads