ကျော်တင့်ဆွေ

From Wikipedia, the free encyclopedia

ကျော်တင့်ဆွေ
ကျော်တင် (ဝန်ကြီး) နှင့် မရောထွေးပါနှင့်။

ဦးကျော်တင့်ဆွေ (၁၉ မတ် ၁၉၄၅ မွေးဖွား[]) သည် မြန်မာနိုင်ငံသား သံတမန်ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[] ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကုလသမဂ္ဂသို့ မြန်မာနိုင်ငံ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[] ၁၉၆၈ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် စတင် အလုပ်လုပ်ခဲ့သည်။[] သူသည် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။[]

အချက်တိုများ ကျော်တင့်ဆွေ, နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး ...
ကျော်တင့်ဆွေ
Thumb
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး
တာဝန်သက်တမ်း
၁၇ မေ ၂၀၁၆[]  ၁ ​ဖေ​ဖော်ဝါရီ ၂၀၂၁
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးဖျက်သိမ်း[]
ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး
တာဝန်သက်တမ်း
၉ ဧပြီ ၂၀၀၁  ၂၀၁၀
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန
တာဝန်သက်တမ်း
၁၉၉၈  ၂၀၀၁
အာဆီယံရေးရာ ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန
တာဝန်သက်တမ်း
၁၉၉၈  ၂၀၀၁
ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၉၉၄  ၁၉၉၇
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1945-03-19) ၁၉ မတ်၊ ၁၉၄၅ (အသက် ၇၉)
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်မေယဉ်ထွန်း[]
သားသမီး၂ ဦး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
International Institute of Social Studies
ကျွမ်းကျင်မှုသံတမန်
ပိတ်ရန်

ဦးကျော်တင့်ဆွေအား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၂၀၁၆ မေလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ခန့်အပ်ခဲ့သည်။[]၂၀၂၁ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည်။[] ၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၇ရက် တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား  လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်ပေးသည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.