ကျော်မင်းဦး (ဘောလုံးသမား)
မြန်မာဘောလုံးသမား From Wikipedia, the free encyclopedia
Remove ads
ကျော်မင်းဦး သည် အသက် ၂၃ နှစ်အောက် မြန်မာ အမျိုးသား ဘောလုံးအသင်းမှ အလယ်တန်း ကစားသမား တစ်ဦးဖြစ်သည်။ မိခင်ကလပ်အသင်းမှာ ဧရာဝတီယူနိုက်တက် ဘောလုံးအသင်း ဖြစ်သည်။ ကျော်မင်းဦးကို ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ညောင်ခြေထောက်မြို့တွင် မွေးဖွားခဲ့သည်။ မန္တလေးဘောလုံးအကယ်ဒမီတွင် ၂၀၁၁ ခုနှစ်မှ စ၍ သုံးနှစ်ကြာ ပညာသင်ကြားခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ၂ နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်သက်တမ်းကုန်ဆုံးသောအခါ ရန်ကုန်ယူနိုက်တက်အသင်းသို့ ပြောင်းရွေ့ပြီး ထပ်မံစာချုပ်ချုပ်ခဲ့သည်။ 2011 AFF U-16 လူငယ် ချန်ပီယံရှစ်ပြိုင်ပွဲမှစတင်ပြီး မြန်မာ ယူ-၁၆ အသင်းတွင် ပါဝင်ကာ နိုင်ငံအတွက် ပထမဆုံး စတင်ကစားခဲ့သည်။ ထို မြန်မာ ယူ-၁၆ အသင်းမှ စတင်ကာ နိုင်ငံအသင်းများတွင် အဆင့်ဆင့် ကစားခဲ့သည်။ သူသည် အလိမ်အခေါက်ကျွမ်းကျင်ပိုင်နိုင်သော ကစားသမားတစ်ဦးဖြစ်ပြီး နယူးဇီလန်နိုင်ငံတွင် ကစားခဲ့သော FIFA U-20 World Cup တွင် မြန်မာ ယူ-၂၀ အသင်း၏ အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။
Remove ads
ဂုဏ်ပြုဆုများ
- 2014 Hassanal Bolkiah Trophy
- ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads