ကျော်ဝင်း (ဝန်ကြီး)

မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia

ကျော်ဝင်း (ဝန်ကြီး)
Remove ads

ဦးကျော်ဝင်းသည် ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို အနိုင်ရကာ အစိုးရအသစ်တက်လာချိန်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ တာဝန်ယူခဲ့သည်။ကိုယ်ရေးအကျဉ်းများတွင် နိုင်ငံခြားတက္ကသိုလ်မှ Ph.d ဘွဲ့ ရရှိခဲ့သည်ဟု အတုအယောင်လုပ်ခဲ့၍ ပထမဆုံး ဝေဖန်ခံရသည်။ []၂၀၂၁ ဖေဖော်ဝါရီ ၄ရက် တွင် ဖမ်းဆီးခံရပြီး ၂၀၂၃ ဧပြီ၁၇ ရက်တွင် ပြန်လွတ်သည်။[]

အချက်တိုများ ဦးကျော်ဝင်း, စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ...
Remove ads

စစ်​ဆေးခံရခြင်း

ဦး​​ကျော်ဝင်းမှာ တိုင်ကြားထားမှုများ​ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်​ရေး​ကော်မရှင်မှ ​၂၀၁၈ခုနှစ် ​မေလ၇ရက်​နေ့မှစ၍စစ်​ဆေးခြင်းခံခဲ့ရသည်။ ထို့​နောက် နုတ်ထွက်စာတင်ထားပြီး ၂၀၁၈ ​မေလ ၂၅ရက်​နေ့တွင်နိုင်ငံ​တော်သမ္မတရုံးမှ နုတ်ထွက်ခွင့်ပြုလိုက်သည်။

၂၀၁၈ခုနှစ်ကာလက ဦးကျော်ဝင်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးစဉ်အဂတိလိုက်စားကြောင်းမတွေ့၍ အဂတိလိုက်စားမှုဖြင့် အရေးယူ၍မရကြောင်း ကော်မရှင်က ဆုံးဖြတ်ခဲ့သည်။[] [] ယင်းနောက်ပိုင်း လူမြင်ကွင်းမှ ပျောက်ကွယ်နေခဲ့သည်။

Remove ads

၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်းဖြစ်စဉ်များ

၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသည့် ဩစတေးလျနိုင်ငံသား စီးပွားရေးအကြံပေး မစ္စတာ ရှောင် တာနဲလ်နှင့် ပတ်သက်ပြီး စီမံ/ဘဏ္ဍာ ဝန်ကြီး ဟောင်း ဦးကျော်ဝင်းကိုပါ  စစ်ကောင်စီက ဖမ်းဆီးကာ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ)ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊စီမံဘဏ္ဍာဝန်ကြီးဟောင်းဦးစိုးဝင်း၊ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်တို့နှင့်အတူ အမှုဖွင့်  တရားစွဲဆို ခဲ့သည်။[]

ဦးကျော်ဝင်းသည်  အကျဉ်းထောင်ထဲ အမှုရင်ဆိုင်နေရဆဲ ကာလမှာပင် ကျန်းမာရေးကြောင့် နေပြည်တော်ကုတင်၁၀၀၀ဆေးရုံတွင် ဆေးကုသမှုခံခဲ့ရသည်။[]

ယင်းနောက် ၂၀၂၂ စက်တင်ဘာလ ၂၉ ရက် တွင် နေပြည်တော်အထူးတရားရုံးက ၎င်းနှင့်အတူ  ဒေါ်အောင်ဆန်းစုကြည်၊စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ် ၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့်  ဦးစိုးဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အား နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့သည်။[] []၂၀၂၃ ဧပြီ ၁၇ရက်တွင် လွတ်ငြိမ်းဖြင့် ရမည်းသင်းအကျဉ်းထောင်မှ ပြန်လွတ်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads