ကျော်သောင်းကြီး

From Wikipedia, the free encyclopedia

ကျော်သောင်းကြီး
Remove ads

ရုပ်ရှင်သရုပ်ဆောင် ကျော်သောင်းကြီး ခေါ် ဦးကျော်သောင်းကို မော်လမြိုင်မြို့၌ လယ်ဝန် ဦးပြားနှင့် ဝန်ကတော် ဒေါ်ကျေးတို့က ၁၉၀၁ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ ငွေကြေး ချမ်းသာသူများ ဖြစ်ကြသော်လည်း ငယ်စဉ်ကပင် ကိုယ့်ထူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးခဲ့သူ ဖြစ်သည်။ ဦးကျော်သောင်းသည် အလုပ်ကြမ်းသမား၊ လက်ဖက်ရည်အဖျော်သမား၊ ပန်းချီ ဆရာတို့ အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့ဖူးသကဲ့သို့ ဖားပွန်မြို့ ဌာန (ယခုခေတ်အခေါ် ရဲစခန်း) တွင်လည်း ရဲဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူး၏။

Thumb
ဖြေလျော့ခွေ ဇာတ်ကားမှ ကျော်သောင်းကြီး၏ ဦးနေဒွန်းအဖြစ် သရုပ်ဆောင်ဟန်


ကျော်သောင်းကြီးသည် အိန္ဒိယနိုင်ငံသို့ စက်ပြင် ပညာသင်ယူရန် သွားရောက်ခဲ့ဖူးပြီး ပထမကမ္ဘာစစ် အတွင်း စစ်ထဲဝင်ခဲ့ပြန်၏။ ထို့နောက် စစ်ပြီးချိန်တွင် မျက်လှည့်ဆရာ အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ နောက်ဆုံး ဗြိတိသျှဘားမား ရုပ်ရှင်ခြံတွင် နေ့စား လူကြမ်းဇာတ်ရန် ဖြစ်လာခဲ့သည်။ ကျော်သောင်းကြီး ပထမဆုံး ပါဝင် သရုပ်ဆောင်ရသည့် ဇာတ်ကားမှာ 'မျိုးစောင့်' အမည်ရှိ ရုပ်ရှင်ဇာတ်ကား ဖြစ်၏။ ယင်းနောက် ကုမ္ပဏီမှ ဒါရိုက်တာ ဆရာခန့်၏ 'ဒို့အမျိုး' ဇာတ်ကားမှ စတင်ကာ နာမည် ကျော်ကြားလာခဲ့သည်။ သို့သော် ကျော်သောင်းကြီးမှာ လူကြမ်း အဖြစ်သာ လူသိများခဲ့ခြင်း ဖြစ်သည်။ သရုပ်ဆောင် ကောင်းလွန်း၍ ပရိသတ်၏ ရွံ့မုန်းခြင်းကိုပင် ခံခဲ့ရသည်။ ဤသို့ဖြင့် ဒုတိယကမ္ဘာစစ် မတိုင်မီက စ၍ လွတ်လပ်ရေးပြီး ကာလအထိ မြန်မာ့ ရုပ်ရှင်လောကတွင် လူကြမ်းမင်းသား ကျော်သောင်းကြီး ဟူ၍ အမည် ထင်ရှားလာခဲ့သည်။


Remove ads

အကယ်ဒမီဆုရ ဖြေလျော့ခွေ ဇာတ်ကား

ဒါရိုက်တာ ဦးချစ်ခင်၏ 'ဖြေလျော့ခွေ' ဇာတ်ကား၌မူ အကျင့်စာရိတ္တ ပျက်ပြားနေသူ၊ မေတ္တာတရား ခေါင်းပါးပြီး ဓနရှင်များအား တဖက်သတ် မုန်းတီးနေသူ ယစ်ထုပ်ကြီး ဦးနေဒွန်း အဖြစ် သရုပ်ဆောင်ခဲ့ရ၏။


ကျော်သောင်းကြီး၏ သရုပ်ဆောင်မှုများမှာ အထူးပီပြင်လှသည့် အလျောက် ၁၉၅၈ ခုနှစ်အတွက် အကယ်ဒမီဆုကို ပေးအပ် ချီးမြှင့်ခံခဲ့ရသည်။ ၁၉၅၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲကို ၂ မေ ၁၉၅၉ တွင် ကျင်းပခဲ့သည်။ ဇာတ်ကား ၄၄ ကား အနက် ၁၃ ကားကို ဆန်ခါတင် ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်သော အခါ အမျိုးသား ဇာတ်ဆောင်ဆုကို ကျော်သောင်းကြီးက ရရှိခဲ့သည်။ ဆုကြေညာစဉ် တက်ယူမည့်သူ မရှိသဖြင့် လူရွှင်တော် ဖိုးပါကြီးက ကိုယ်စား တက်ရောက် ယူခဲ့ရ၏။ ဖိုးပါကြီးက သူ့အား ရုပ်ရှင်နယ်သို့ မရောက်မီ မျက်လှည့်ပညာ သင်ပေးခဲ့သူ၊ မှန်မပါသော မျက်မှန်ကို တပ်ဆင်ကာ မျက်လှည့် လူရွှင်တော် အဖြစ် ပွဲထုတ်ပေးခဲ့သူ ဆရာရင်း ဖြစ်သည့် ဦးကျော်သောင်း အတွက် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

[]


Remove ads

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads