ကျော်ဟိုး

From Wikipedia, the free encyclopedia

Remove ads

စတန့်မင်းသား ကျော်စိုး ဓားထိုးခံရ၍ ရုပ်တရက် ကွယ်လွန်သွားသောအခါ စတန့်ပရိသတ်များသည် မိမိတို့ အကြိုက်ဆုံး မင်းသားတစ်ဦး ဆုံးရှုံးရခြင်းအတွက် ကျော်စိုးကဲ့သို့ မင်းသားမျိုး အစားထိုး၍ ရတော့မည်မဟုတ်ဟု ယူဆမိကြပြီး ဝမ်းနည်းကြေကွဲမဆုံး ရှိကြတော့၏။

ထို့ကြောင့် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီသည် ရုတ်တရက် ခါးပြတ်သွားသော စတန့်မင်းသားနေရာတွင် အစားထိုးနိုင်ရန် ပထမဆုံး စတန့်ဒါရိုက်တာ အမည်ခံယူသူ ဒါရိုက်တာ ဆရာရွှေနှင့် တိုင်ပင်ကြပြီးလျှင် မြင်းစီး၊ မော်တော်ဆိုင်ကယ်စီး ကျွမ်းကျင်ပြီးကြမ်းကြမ်းရမ်းရမ်း ပါဝင်သရုပ်ဆောင်နိုင်သူ တစ်ဦးအမြန်အလိုရှိကြောင်း ကုမ္ပဏီမှ နှစ်သက်ရွေးချယ်ခြင်း ခံရလျင် ဆုငွေ ၁၀၀ လည်း ချီးမြှင့်မည်ဖြစ်ကြောင်းကို သတင်းစာများ၌ ကြော်ငြာထည့်ကြ၏။ ထိုကြော်ငြာကို အကြောင်းပြု၍ မကြာမီ စတန့်မင်းသား ကျော်ဟိုးဟူ၍ ရဲရဲတောက် ရုပ်ရှင်သူရဲကောင်းတစ်ဦး ပေါ်ထွန်းလာခဲ့လေသည်။

ရန်ကုန်မြို့၊ သာယာကုန်းရပ်ကွက်နေ အဘ ဦးဘကြုပ်၊ အမိဒေါ်နန်းခါ တို့မှ ၁၂၆၅-ခု၊ တန်ဆောင်မုန်းလဆန်း (၉)ရက်၊ ခရစ် ၁၉၀၃-ခု၊ အောက်တိုဘာလ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မွေးဖွားခဲ့သည်။ ငယ်နာမည် မောင်လှမောင် ဖြစ်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads