ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက်
From Wikipedia, the free encyclopedia
ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက် (အင်္ဂလိပ်: Rural Development Bank Limited; အတိုကောက် RDB) သည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။[၁]
အမျိုးအစား | ပုဂ္ဂလိက |
---|---|
လုပ်ငန်း | ဘဏ် |
တည်ထောင်သည့်နှစ် | ၂၆ ဇွန် ၁၉၉၆ |
ဌာနချုပ် | နေပြည်တော်၊ မြန်မာ |
ဆောင်ပုဒ် | စီးပွားဖွံ့ဖြိုး တိုးတက်ရည်သန် ကျေးလက်ဘဏ် |

သမိုင်းကြောင်း
ကျေးလက်ဖွံ့ဖြိုးရေးဘဏ်လီမိတက် ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၁၉၉၆ ခုနှစ် ဇွန် ၂၆ ရက်နေ့တွင် ဘဏ်လုပ်ငန်းလိုင်စင်ခွင့်ပြုခဲ့သည်။ထိုဘဏ်သည် ကမ္ဘောဇဘဏ်၊ရိုးမဘဏ်၊အင်းဝဘဏ် စသည့်ဘဏ်များနှင့် ခေတ်ပြိုင်ဘဏ်တစ်ခုလည်းဖြစ်သည်။ဘဏ်ရုံးချုပ်အား နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊သိရီမင်္ဂလာဈေးဝင်း၊မြတ်ပန်းသဇင်လမ်း၊ဘဏ်အကွက်ကြီးအမှတ်(၂)တွင် ဖွင့်လှစ်ထားသည်။နှစ်ပေါင်း ၂၇နှစ်အတွင်း ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်တို့တွင် ဘဏ်ခွဲ(၃)ခု ဖွင့်ထားသည်။ရန်ကုန်ဘဏ်ခွဲအား မဟာဗန္ဓုလလမ်း ပုဇွန်တောင်မြို့နယ် ရန်ကုန်မြို့တွင်ဖွင့်လှစ်ထားပြီး မန္တလေးဘဏ်ခွဲအား ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန်၊မွေးကုဦးစီးဌာနဝန်း၊ဇောင်းကလော့ကွင်း ကွင်းအမှတ်(၅၁၆)တွင် ဖွင့်လှစ်ထားရှိသည်။[၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.