ကြက်ခြေနီအသင်း

From Wikipedia, the free encyclopedia

ကြက်ခြေနီအသင်း
Remove ads

ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်း ဖြစ်သည်။ ထိုအသင်း၏အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုနည်း ဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကူညီ၊ ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။

Thumb
ကြက်ခြေနီအမှတ်တံဆိပ်

ကြက်ခြေနီ အမှတ်အသား

Thumb
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီအမှတ်တံဆိပ်

ကြက်ခြေနီ အမှတ်အသား ဆိုသည်မှာ ဘေးအန္တရာယ် ကျရောက်ချိန်၊ စစ်မက်ဖြစ်ပွားချိန်တွင် ကြက်ခြေနီ လှုပ်ရှားမှုတွင် ပါဝင်သော အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)နှင့် အမျိုးသား ကြက်ခြေနီအသင်းများက လူပုဂ္ဂိုလ်တွေနှင့် တပ်မတော် ဆေးဝန်ထမ်းများက လူမှုကရုဏာ လုပ်ငန်းများတွင် အသုံးပြုသော အမှတ်အသားဖြစ်သည်။ ကြက်ခြေနီ အမှတ်အသားသည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ အမှတ်အသား မဟုတ်ပေ။ ကြက်ခြေနီ အမှတ်အသားကို အသုံးပြုရန်အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် နိုင်ငံတော် ဥပဒေများတွင် ပြဋ္ဌာန်းထားလေ့ရှိသည်။ ကြက်ခြေနီ အမှတ်အသားကို အသုံးပြုရန်အတွက် ၁၈၆၄ ခုနှစ် ဂျီနီဗာမြို့တွင် ကျင်းပသော ပထမအကြိမ် သံတမန်များဆိုင်ရာ ညီလာခံက သတ်မှတ်ပေးခဲ့သည်။

Thumb
အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းအမှတ်တံဆိပ်

ဆေးဘက်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီနှင့် တပ်မတော် ဆေးဝန်ထမ်းများ ဖြစ်ကြောင်း သိရှိစေရန်နှင့် ဤအမှတ်အသား သုံးစွဲသူများကို အကာအကွယ်ပေးရန်အတွက် ကြက်ခြေနီအမှတ်အသားကို ကြားနေ အမှတ်အသားအဖြစ် ညီလာခံက သတ်မှတ်ပေးခဲ့သည်။ ဒဏ်ရာရ စစ်သည်များနှင့် ဘေးဒုက္ခခံရသူများအား ကယ်ဆယ်ရေးအဖွဲ့များမှ လိုအပ်သော အကူအညီများ ပေးနိုင်ရန်အတွက် ပြဋ္ဌာန်းခဲ့သည်။။

ဆွစ်ဇလန်နိုင်ငံ အလံကို အရောင် ပြောင်းပြန်လုပ်ကာ အဖြူရောင် နောက်ခံတွင် အနီရောင် ကြက်ခြေနီကို ကြက်ခြေနီ အမှတ်အသား အဖြစ် သတ်မှတ်ခဲ့သည်။ အမျိုးသားကယ်ဆယ်ရေး အသင်းများ (ယခု အမျိုးသား ကြက်ခြေနီ အသင်းများ လခြမ်းနီအသင်းများ) ထူထောင်ရေးနှင့် ပထမအကြိမ် ဂျီနီဗာညီလာခံ ကျင်းပေးရေးတွင် အဓိကအခန်းမှ ပါဝင်ခဲ့သော ဆွစ်ဇလန်နိုင်ငံနှင့် ကြက်ခြေနီဖခင်ကြီး ဆွစ်ဇာလန်နိုင်ငံသား ဟင်နရီဒူးနန့် ကို ဂုဏ်ပြုသည့် အနေဖြင့် သတ်မှတ်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားခြင်းဆိုင်ရာ ဥပဒေ၏ အခြေခံဖြစ်သော ၁၉၄၉ ဂျီနီဗာ အများ သဘောတူညီချက် အရ ဤအမှတ်အသားကို ဆက်လက်အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြပြီး နောက်ထပ် အမှတ်အသားများဖြစ်သော အဖြူရောင် နောက်ခံပါ လခြမ်းနီ၊ ခြင်္သေ့နီနှင့် နေဝန်းနီ အမှတ်အသားတို့ကိုလည်း အသိအမှတ် ပြုခဲ့သည်။


Remove ads

ဆက်စပ် ဖတ်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads