အရှင်ပါသံသ

From Wikipedia, the free encyclopedia

Remove ads

အရှင်ပါသံသ (ကြက်သွန်ခင်းဆရာတော်) သည် ရတနပူရမြို့တည် ဆင်ဖြူရှင်မင်းတရား ကိုးကွယ်တော်မူသည့် ဆရာတော် ဖြစ်သည်။[] ကြက်သွန်ခင်းဆရာတော်သည် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်များတွင် ထင်ရှားသော ဆရာတော် ဖြစ်သည်။

ဘဝ

ဆရာတော်ကို ၁၀၅၅ ခုနှစ်တွင် ကြက်သွန်ခင်းရွာတွင် ဖွားမြင်ခဲ့သည်။ အရွယ်ရောက်သည့်အခါ ရဟန်းပြုခဲ့သည်။ ဘွဲ့အမည်မှာ ရှင်ပါသံဿ ဖြစ်သည်။ မြို့တော်၏ အနောက်မျက်နှာ ကြက်သွန်ခင်းကျောင်းတိုက်တွင် သီတင်းသုံးတော်မူခဲ့သည်။[]

ကျမ်းဂန်သင့်မြတ်လှသည်။ မင်းဧကရာဇ်ဆရာတော်ဖြစ်သော်လည်း၊ ပစ္စည်းလာပ်လာဘအပိုအလွန်ကို အလိုမရှိ။ သက်ရွယ်ကြီးရင့်သည်တိုင်အောင် အမြဲဆွမ်းခံတော်မူသည်။ ကိုယ်တော်နှင့် အလုပ်အကျွေး သူတော်တစ်ယောက်ပါ နှစ်ယောက်စာမျှ လောက်အောင်ရလျှင်ပြန်ခဲ့သည်။ ပစ္စည်း၌မက်မောတော်မမူ၊ တစ်ခါကရဟန်းတစ်ပါးဆွမ်းဟင်းလျာ စားဖွယ်စားရာအစုံ တပည့်ဝန်ထမ်း တစ်ထမ်း နှစ်ထမ်းနှင့် စစ်ကိုင်းမြို့မှ ဆွမ်းခံပြန်လာသည်ကို တွေ့သဖြင့် 'ငါ့ရှင်၊ သင့်မယားမာ၏လော'ဟု မေးတော်မူသည်။ တစ်ခါ ကလည်း စရစ်ဆရာတော်၏တူ ဦးသာပုံသည် သာသနာပိုင်ဖြစ်သောအခါ စိတ်ပျိုကိုယ်နုဖြစ်၍ ဝါသနာအလျှာက် သိုင်း ကိုင်နှင့် ဆွမ်းခံဝင်သည်ကို တွေ့သဖြင့် 'ဟဲ့သာပုံ၊ သည်နှင်တံ နှင့် နင့်ကို လူကြောက်လိမ့်မည်လော။ ကြောက်လောက်အောင် အမြောက်ဆောင်'ဟု မိန့်တော်မူလေသည်။ ပြုစုသော ကျမ်းမှာ၊ ဧကက္ခရကောသအဖွင့် ဋီကာနိဿယဖြစ်သည်။[]

Remove ads

ဘဝနိဂုံး

၁၁၃၇ ခုနှစ် သက်တော် ၈၃ နှစ်၊ ဝါတော် ၆၃ ဝါတွင် ပျံလွန်တော်မူခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads