ကြတ်ဂူ

From Wikipedia, the free encyclopedia

Remove ads

ကြတ်ဂူ သည် ကယားပြည်နယ်လွိုင်ကော်မြို့တွင် တည်ရှိသည့် သဘာဝ ထုံးကျောက်လိုဏ်ဂူတစ်ခု ဖြစ်သည်။ လူသေတို့၏ အခေါင်းများဟု ယူဆရသည့် သစ်သားအကျိုးအပဲ့များကြောင့် လူအများ စိတ်ဝင်တစား သွားရောက်လေ့လာကြသည်။[][]

သမိုင်းကြောင်း

ကြတ်ဂူသည် တစ်ဖက်ပိတ် ဂူအမျိုးအစား ဖြစ်သည်။ ၂၁၉၄ မီတာရှည်လျားသည်။ အတွင်းပိုင်းသို့ တဖြည်းဖြည်း ကျဉ်းသွားသည်။ ဂူပေါက်ဝမှ ပေ ၃၀၀ ခန့်တွင် အခေါင်းပုံစံ သစ်သားနှင့် သစ်သားအပိုင်းများကို တွေ့ရှိရသည်။ အချို့ကို အပိုင်းအစများ၊ အကျိုးအပဲ့များ အဖြစ်သာ တွေ့ရသည်။[][]

တည်နေရာနှင့် လမ်းပန်းဆက်သွယ်ရေး

ကြတ်ဂူသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့၏ အရှေ့ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ဂူတည်ရှိရာ တောင်ကို ဒေသခံတို့က ကယားဘာသာစကားဖြင့် ရာစုကူ ဟု ခေါ်ကြသည်။ ဂူသည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၉၀ ပေတွင် တည်ရှိပြီး တောင်ခြေမှ အမြင့်ပေ ၁၂၀ တွင် တည်ရှိသည်။ ကြတ်ဂူတည်ရှိရာ တောင်ခြေသို့ ကားဖြင့် အလွယ်တကူ သွားရောက်နိုင်ပြီး တောင်ခြေမှတစ်ဆင့် ဂူသို့သွားရန် အုတ်လှေကားများ တပ်ဆင်ထားသည်။[][]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads