ကြယ်စုံတွဲ
From Wikipedia, the free encyclopedia
Remove ads
ကြယ်စုံတွဲ (Binary star) ဆိုသည်မှာ ကြယ် နှစ်လုံးတို့ တစ်လုံး၏ ပတ်လမ်းကြောင်းတွင်း အခြား တစ်လုံးက လှည့်ပတ်နေခြင်းပင်ဖြစ်သည်။ ကြယ်တစ်လုံးစီ အတွက် အခြားကြယ်သည် အဖော်ကြယ်ပင် ဖြစ်သည်။ ကြယ်အများစုမှာ နှစ်လုံးသို့ မဟုတ် နှစ်လုံးထက် ပို၍ ရှိသော ကြယ်စနစ်၏ အစိတ်အပိုင်းပင် ဖြစ်သည်။ ဒွိကြယ်မှာ နက္ခတ္တ ရူပဗေဒ တွင် အရေးကြီးသော အစိတ်အပိုင်း ဖြစ်ပြီး သိပ္ပံပညာရှင်များ အနေဖြင့် ကြယ်တို့၏ ပတ်လမ်းကြောင်းကို ကြည့်ခြင်း အားဖြင့် ၎င်းတို့၏ ဒြပ်ထုကို မှန်းဆ နိုင်သည်။ ထို အချက်အလက်ကို အသုံးပြုခြင်းအားဖြင့် ကြယ်တစ်လုံးစီ၏ ဒြပ်ထုကို တွက်ဆ၍ ရသည်။ မကြာသေးခင်က လေ့လာချက်များအရ နဂါးငွေ့တန်းတွင် ကြယ်စုံတွဲများသည် ၃ ပုံ ၁ ပုံ ရှိသည်ဟုဆိုသည်။ ကျန် ၃ ပုံ ၂ ပုံမှာ တစ်စင်းတည်းသောကြယ်များ ဖြစ်ကြသည်။[၃]

Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads