ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၇
From Wikipedia, the free encyclopedia
Remove ads
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲ ကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ လစ်လပ်နေရာများ ဖြစ်သော ပြည်သူ့လွှတ်တော်အမတ်နေရာ ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ ဖြစ်သော ကယားပြည်နယ် လွှတ်တော်နှင့် ရှမ်းပြည်နယ် လွှတ်တော်တို့ရှိ လစ်လပ်နေရာ ၇ နေရာ၊ စုစုပေါင်း ၁၉ နေရာ[၁]တို့အတွက် ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ ဖြစ်သည်။[၂]ယင်းနေရာများမှာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး အစိုးရအဖွဲ့ဝင်များအဖြစ် တာဝန်ယူသွားကြသူများ၏ လစ်လပ်နေရာများနှင့် လုံခြုံရေးအခြေအနေကြောင့် ရွေးကောက်ပွဲ မပြုလုပ်ဖြစ်သည့် နယ်မြေများမှ လစ်လပ်နေရာများ ဖြစ်သည်။[၃][၄]
Remove ads
ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများ
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲသို့ နိုင်ငံရေးပါတီ ၂၄ ခုမှ ကိုယ်စားလှယ်ပေါင်း ၈၈ ဦးနှင့် တစ်သီးပုဂ္ဂလ ၇ ဦး၊ စုစုပေါင်း ၉၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးထားသော်လည်း[၅] ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦး ကွယ်လွန်သွားခဲ့သဖြင့် ၉၄ ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[၁]
Remove ads
ရလဒ်များ
အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads