ကြားဖြတ်အစိုးရ

From Wikipedia, the free encyclopedia

Remove ads

ကြားဖြတ်အစိုးရဆိုသည်မှာ ယာယီအစိုးရအရေးပေါ်အစိုးရ(သို့) အသွင်ကူးပြောင်းရေးအစိုးရ စသဖြင့် ခေါ်ဝေါ်သုံးစွဲပြီး၊ နိုင်ငံအသစ် ဖြစ်ပွားသော အခြေအနေများ(သို့) ယခင်အစိုးရအုပ်ချုပ်မှု ပြိုလဲသွားပြီး အခြေအနေများတွင် နိုင်ငံအရေးအကူးအပြောင်းကို စီမံခန့်ခွဲရန် ဖွဲ့စည်းထားသော အရေးပေါ်အစိုးရအာဏာပိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကြားဖြတ်အစိုးရများသည် ယေဘုယျအားဖြင့် ပြည်တွင်း၊ ပြည်ပစစ်ပွဲများ ဖြစ်နေစဉ်အတွင်း(သို့) ဖြစ်ပြီး ဖွဲ့စည်းသည့် မကြာခဏပေါ်ပေါက်သော အစိုးရဖြစ်သည်။

ကြားဖြတ်အစိုးရများသည် ပုံမှန်နိုင်ငံရေးဖြစ်စဉ်အတိုင်း ရွေးကောက်ပွဲရလဒ်မှတစ်ဆင့် အစိုးရအသစ်အား ဖွဲ့စည်းနိုင်သည်အထိ အစိုးရအာဏာကို ထိန်းသိမ်းထားသည်။ ၎င်းတို့သည် နောက်ဆက်တွဲ အုပ်ချုပ်မှုများ၏ တရားဝင်ဖွဲ့စည်းပုံများ၊ လူ့အခွင့်ရေး၊ နိုင်ငံရေး လွတ်လပ်ခွင့်များနှင့်သက်ဆိုင်သော လမ်းညွှန်ချက်များ၊ စီးပွားရေး၊ အစိုးရအဖွဲ့အစည်းများနှင့် နိုင်ငံတကာနှင့်ပတ်သက်သော အဖွဲ့အစည်းများ၏ ဖွဲ့စည်းတည်ဆောက်ပုံများကို တရားဝင်သတ်မှတ်ခြင်းများတွင် ပါဝင်လုပ်ဆောင်သည်။ ကြားဖြတ်အစိုးရများသည် အိမ်စောင့်အစိုးရများနှင့် ကွဲပြားပြီး၊ ဖွဲ့စည်းထားသောပါလီမန်စနစ်အတွင်း အုပ်ချုပ်ရန်နှင့်၊ အယုံအကြည်မရှိအဆို ပေါ်ပေါက်ခြင်း(သို့) အာဏာရညွှန့်ပေါင်းအစိုးရအဖွဲ့အား ဖျက်သိမ်းခြင်းနောက်တွင် အစိုးရနေရာအဖြစ် တာဝန်ယူရသည်။

Yossi Shain နှင့် Juan J. Linz တို့၏ အမြင်တွင် ကြားဖြတ်အစိုးရများကို အုပ်စုလေးစု ခွဲခြားနိုင်သည်။[]

  1. တော်လှန်ရေးကြားဖြတ်အစိုးရများ (ယခင်အစိုးရကို ဖြုတ်ချပြီး အာဏာကိုဖြုတ်ချသောသူများ ပိုင်ဆိုင်သောအခါ)
  2. အာဏာခွဲဝေမှုကြားဖြတ်အစိုးရများ (အာဏာကို ယခင်အစိုးရနှင့် ၎င်းအားပြောင်းလဲရန် ကြိုးစားနေသူများအကြား ခွဲဝေသောအခါ)
  3. တာဝန်ထမ်းဆောင်ဆဲကြားဖြတ်အစိုးရများ (အသွင်ကူးပြောင်းရေးကာလအတွင်း အာဏာသည် ယခင်အစိုးရက ပိုင်ဆိုင်သည့်အခါ)
  4. နိုင်ငံတကာကြားဖြတ်အစိုးရများ (အသွင်ကူးပြောင်းရေးကာလအတွင်း အာဏာသည် နိုင်ငံတကာအသိုင်းအဝိုင်းက ပိုင်ဆိုင်သည့်အခါ)
Remove ads

မြန်မာနိုင်ငံ၏ ကြားဖြတ်အစိုးရများ

  • ကြားဖြတ်အစိုးရ (၁၉၄၇)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads