ကွန်ပျူတာတက္ကသိုလ်(ကလေး)

တက္ကသိုလ် From Wikipedia, the free encyclopedia

Remove ads

ကွန်ပျူတာတက္ကသိုလ်(ကလေး)သည် စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့မှ(၁၀)မိုင် နှင့် ကလေးဝမြို့မှ (၁၄)မိုင် ကွာဝေး၍ အေးသာယာ(စိုက်ခင်း)ကျေးရွာ အနီးတွင် တည်ရှိပြီး ၃၈.၆ဧက ကျယ်ဝန်းသည်။[] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။

အချက်တိုများ
Remove ads

သမိုင်းကြောင်း

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် စတင်ဖွင့်လှစ်၍ ၂၀၀၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ကလေး) အဖြစ်သို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။[]

သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်(ကလေး)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
  • ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
  • ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
  • တတိယနှစ် ကွန်ပျူတာသိပ္ပံ
  • တတိယနှစ် ကွန်ပျူတာနည်းပညာ
  • ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
  • ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ

ပေးအပ်ချီးမြှင့်သောဘွဲ့များ

ကွန်ပျူတာတက္ကသိုလ်(ကလေး)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[]

  • ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
  • ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
  • ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
  • ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads