ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)
From Wikipedia, the free encyclopedia
Remove ads
ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် တည်ရှိသည်။ ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။
Remove ads
သမိုင်းကြောင်း

ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)ကို ၂၀၀၀ ပြည့်နှစ်၊ စက်တင်ဘာလ (၄)ရက်နေ့ တွင် အစိုးရကွန်ပျူတာကောလိပ်အဖြစ် တောင်ငူမြို့၊ ကေတုမတီမြို့သစ်၌ စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် တက္ကသိုလ် အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ၂၀၀၈ခုနှစ်၊ ဧပြီလ(၂၀)ရက်နေ့တွင် တောင်ငူမြို့၊ ကန်ရိုးကျေးရွာရှိ နည်းပညာတက္ကသိုလ်(တောင်ငူ) ကျောင်းနယ်မြေအား ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)အဖြစ် လွှဲပြောင်း လက်ခံဖွင့်လှစ်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)သည် တောင်ငူမြို့ မြောက်ဘက် (၃) မိုင်အကွာ ကန်ရိုးကျေးရွာတွင် တည်ရှိပြီး ၃၀.၂၅ ဧက ကျယ်ဝန်းသည်။[၄][၅][၆][၇][၈][၉]
Remove ads
သင်တန်းများ
ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၄]
- ပထမနှစ် ကွန်ပျူတာသိပ္ပံနည်းပညာ သင်တန်း (First Year (B.C.Sc/B.C.Tech))
- ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း (Second Year (B.C.Sc))
- ဒုတိယနှစ် ကွန်ပျူတာနည်းပညာ သင်တန်း (Second Year (B.C.Tech))
- တတိယနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း (Third Year (B.C.Sc))
- တတိယနှစ် ကွန်ပျူတာနည်းပညာ သင်တန်း (Third Year (B.C.Tech))
- စတုတ္ထနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း (Fourth Year(B.C.Sc))
- စတုတ္ထနှစ် ကွန်ပျူတာနည်းပညာ သင်တန်း (Fourth Year(B.C.Tech))
- ပဉ္စမနှစ် ကွန်ပျူတာသိပ္ပံ သင်တန်း (Fifth Year(B.C.Sc))
- ပဉ္စမနှစ် ကွန်ပျူတာနည်းပညာ သင်တန်း (Fifth Year(B.C.Tech))
- ကွန်ပျူတာသိပ္ပံမဟာဘွဲ့ (M.C.Sc)
- ကွန်ပျူတာအသုံးချ သင်တန်းများ (Basic Computer Application Training)
- အဆင့်မြင့် ကွန်ပျူတာအသုံးချ သင်တန်းများ (Advanced Computer Application Training)
- ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းမှု ကျွမ်းကျင်သင်တန်းများ(Computer Maintenance A+ Training)
- ကွန်ပျူတာ ကွန်ယက်ချိတ်ဆက်မှု သင်တန်းများ (Basic Network ing Training)
- အခြေခံ Website ရေးသားနည်းသင်တန်းများ (Basic Web Development Training)
Remove ads
ပေးအပ်ချီးမြှင့်သောဘွဲ့များ
ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၄]
- ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
- ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
- ကွန်ပျူတာသိပ္ပံမဟာဘွဲ့ (M.C.Sc)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads