ကွန်ပျူတာတက္ကသိုလ်(ပြည်)
From Wikipedia, the free encyclopedia
Remove ads
ကွန်ပျူတာတက္ကသိုလ်(ပြည်)သည် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင်တည်ရှိသည်။ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ ကွန်ပျူတာပညာရပ်အထူးပြု ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်လျက်ရှိသော နိုင်ငံပိုင်တက္ကသိုလ်တစ်ခုဖြစ်သည်။ ပါမောက္ခချုပ်နေရာတွင် ဒုတိယပါမောက္ခချုပ်ဒေါက်တာယုဇနမှ ကိုယ်စားတာဝန်ယူထမ်းဆောင်လျက်ရှိသည်။
Remove ads
သမိုင်းကြောင်း
ကွန်ပျူတာတက္ကသိုလ်(ပြည်)အား အစိုးရကွန်ပျူတာကောလိပ်အဖြစ် ၂၀ဝ၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကွန်ပျူတာအသုံးချသင်တန်းများ(Modules)ကို စတင်ဖွင့်လှစ်ခဲ့သည်။ ၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့မှ စတင်၍ ၂၀ဝ၄ ခုနှစ် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သည့် ကျောင်းသား/သူများကို ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ ပထမနှစ် သင်တန်းသားများအဖြစ် စတင်လက်ခံခဲ့သည်။ ၎င်းမှတဆင့် ၂၀ဝ၇ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ်(ပြည်)အဖြစ် တိုးမြှင့် ဖွင့်လှစ်ခဲ့သည်။ အကျယ်အဝန်းအားဖြင့် (၁၇.၆၈)ဧက ကျယ်ဝန်းပြီး ပြည် မှ အောင်လံသို့သွားသောကားလမ်း မိုင်တိုင်အမှတ် ဝ၈၁/၂ ၏ တောင်ဘက်တွင် တည်ရှိသည်။[၁]
Remove ads
ပေးအပ်ချီးမြှင့်သောဘွဲ့များ
ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ အောက်ပါဘွဲ့များကို ပေးအပ်ချီးမြှင့်သည်။[၁]
- ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc.)
- ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech.)
ဌာနများ
- စက်နည်းပညာမဟာဌာန (Faculty of Computer Systems and Technologies)
- ကွန်ပျူတာသိပ္ပံဌာန (Faculty of Computer Science)
- သုတသိပ္ပံမဟာဌာန (Faculty of Information Science)
- တွက်ချက်ရေးသင်္ချာမဟာဌာန (Faculty of Computing)
- မြန်မာစာဌာန (Myanmar Department)
- အင်္ဂလိပ်စာဌာန (English Department)
- ရူပဗေဒဌာန (Physics Department )
- အသုံးချဌာန (Application Department)
- စာကြည့်တိုက်ဌာန (Library Department)
- ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာဌာန (Maintenance Department)
- စီမံခန့်ခွဲရေးဌာန (Administrative Department)
- ငွေစာရင်းဌာန (Finance Department)
- ကျောင်းသားရေးရာဌာန (Student Affair)
သင်တန်းများ
ကွန်ပျူတာတက္ကသိုလ်(ပြည်)မှ အောက်ပါသင်တန်းများကို ဖွင့်လှစ် သင်ကြားလျက်ရှိသည်။[၁]
- ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
- ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
- ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
- တတိယနှစ် ကွန်ပျူတာသိပ္ပံ
- တတိယနှစ် ကွန်ပျူတာနည်းပညာ
- စတုတ္ထနှစ် ကွန်ပျူတာသိပ္ပံ
- စတုတ္ထနှစ် ကွန်ပျူတာနည်းပညာ
- ပဉ္စမနှစ် ကွန်ပျူတာသိပ္ပံ
- ပဉ္စမနှစ် ကွန်ပျူတာနည်းပညာ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads