ကွန်ပျူတာတက္ကသိုလ်(မကွေး)

From Wikipedia, the free encyclopedia

ကွန်ပျူတာတက္ကသိုလ်(မကွေး)
Remove ads

ကွန်ပျူတာတက္ကသိုလ် (မကွေး)သည် မကွေးတိုင်းဒေသကြီးမကွေးမြို့၊ မကြီးကန်ကျေးရွာအုပ်စု၊ မကြီးကန်ကွင်းအမှတ် (၁၆၆၀)၊ မကွေး-တောင်တွင်းကြီးကားလမ်းမဘေး မိုင်တိုင်အမှတ် ၃၂၅/၂ နှင့် ၃၂၅/၅ ကြားတည်ရှိပြီး၊ အကျယ်အဝန်းမှာ (၅၀)ဧက ရှိသည်။သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်ပြီး ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ များကိုသင်ကြားပေးနေသည်။ ခေတ္တကျောင်းအုပ်ကြီးအဖြစ် ဒေါက်တာ စိုးလင်းအောင်၊ Ph.D(Engg: IT, Russia)၊ တွဲဖက်ပါမောက္ခ မှ တာဝန်ထမ်းဆောင် လျက်ရှိသည်။
ကွန်ပျူ တာတက္ကသိုလ်(မကွေး)မှ ဒီပလိုမာဦးရေ (၁၀ဝ၇) ဦး၊ ဘွဲ့ရဦးရေ(၁၅၈၂) ဦး၊ မဟာဘွဲ့ရဦးရေ(၈၁)ဦး စုစုပေါင်း (၂၆၇၀) ဦး မွေးထုတ်ပြီးဖြစ်သည်။ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ကျောင်းသား/သူ စုစုပေါင်း (၂၆၀) ယောက် တက်ရောက်ပညာသင်ကြားလျက်ရှိသည်။ []

အချက်တိုများ
Remove ads

သမိုင်းကြောင်း

၂၀၀၀ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် အစိုးရကွန်ပျူတာကောလိပ်(မကွေး)ကို မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးရုံးနှင့် တွဲဖက်၍ ပထမနှစ် ကွန်ပျူတာ သိပ္ပံသင်တန်းနှင့် စတင်ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ၂၀၀၁ခုနှစ်၊ဇွန်လ(၁၀) ရက်နေ့တွင် မြသလွန်စေတီ အရှေ့မြောက်ဘက်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ(၂၀) ရက်နေ့တွင် ကွန်ပျူတာတက္ကသိုလ် (မကွေး) အဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။ ၂၀၁၃ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့မှ စ၍ သုံးထပ်ကျောင်းဆောင်သစ်သို့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ဒုတိယနှစ်ဝက်မှ စတင်၍ အဆိုပါသုံးထပ်ကျောင်းဆောင်သစ်တွင် သင်ကြားပို့ချလျက်ရှိသည်။ []

Remove ads

ပရိုဂရမ်များ

တက္ကသိုလ်သည် ၃ နှစ်ရိုးရိုးဘွဲ့ နှင့် ၄ နှစ်ဂုဏ်ထူးဘွဲ့များ ချီးမြင့်ပေးသည်။ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စ၍ ရိုးရိုးဘွဲ့ ကို ၄ နှစ်သင်ကြားရမည်ဖြစ်ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စ၍ ရိုးရိုးဘွဲ့ ကို ၅ နှစ်သင်ကြားရမည်ဖြစ်သည်။

နောက်ထပ် အချက်အလက်များ ပရိုဂရမ်, ရိုးရိုးဘွဲ့များ ...
Remove ads

သင်ခန်းစာများ

ပထမနှစ်

ပထမနှစ်ဝက်-မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ 101၊ 102၊ 103၊ 104 ဒုတိယနှစ်ဝက်-မြန်မာစာ၊ အင်္ဂလိပ်စာ၊ ရူပဗေဒ၊ 101၊ 102၊ 103၊ 104

ဒုတိယနှစ်

ပထမနှစ်ဝက်-အင်္ဂလိပ်စာ၊ 201၊ 202၊ 203၊ 204၊ 205၊206 ဒုတိယနှစ်ဝက်-အင်္ဂလိပ်စာ၊ 201၊ 202၊ 203၊ 204၊ 205၊206

တတိယနှစ်

ပထမနှစ်ဝက်-အင်္ဂလိပ်စာ၊ 301၊ 302၊ 303၊ 304၊ 305၊ 306 ဒုတိယနှစ်ဝက်-အင်္ဂလိပ်စာ၊ 301၊ 302၊ 303၊ 304၊ 305၊ 306

ဂုဏ်ထူးတန်း

ပထမနှစ်ဝက်-အင်္ဂလိပ်စာ၊ 401၊ 402၊ 403၊ 404၊ 405၊ 406 ဒုတိယနှစ်ဝက်-အင်္ဂလိပ်စာ၊ 401၊ 402၊ 403၊ 404၊ 405၊ 406

တက္ကသိုလ် သင်ကြားရေး

သင်ကြားရေးဌာနများ

  • မြန်မာစာဌာန
  • အင်္ဂလိပ်စာဌာန
  • ရူပဗေဒဌာန
  • ပရိုဂရမ်နည်းပညာဌာန (Department of Software Technology)
  • စက်နည်းပညာဌာန (Department of Hardware Technology)
  • သုတသိပ္ပံဌာန (Department of Information Science)
  • တွက်ချက်ရေးသင်္ချာဌာန (Department of Computational Mathematics)

တို့ဖြစ်သည်။

ကိုးကားကျမ်း

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads