ကွန်ပျူတာတက္ကသိုလ်(မအူပင်)

မြန်မာနိုင်ငံရှိ တက္ကသိုလ် From Wikipedia, the free encyclopedia

Remove ads

ကွန်ပျူတာတက္ကသိုလ်(မအူပင်)သည် ရန်ကုန်မြို့အနောက်ဘက်ကီလိုမီတာ ၁၀၀ ခန့်တွင်ရှိသော မအူပင်မြို့နယ်တွင်တည်ရှိပြီး၊ ဧရာဝတီတိုင်းဒေသကြီးရှိ ကွန်ပျူတာတက္ကသိုလ်သုံးခုအနက် တစ်ခုဖြစ်သည်။ တက္ကသိုလ်သည် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာဘွဲ့များကို ပေးအပ်သည်။ တက္ကသိုလ်၏ကျောင်းဝင်းသည် ၄၂.၅၅၂ ဧကအထိကျယ်ပြန့်သည်။ []

အချက်တိုများ
Remove ads

သမိုင်းကြောင်း

အစိုးရကွန်ပျူတာကောလိပ်(မအူပင်)ကို ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ထောင်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၀ ရက်နေ့တွင် တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(မအူပင်)အဖြစ် ပြောင်းလဲခဲ့သည်။

ပေးအပ်သော ဘွဲ့များ

နောက်ထပ် အချက်အလက်များ စဉ်, ဘွဲ့အမည် ...

[]

ဌာန

ပညာရေးဆိုင်ရာဌာနများ

  1. ကွန်ပျူတာသိပ္ပံဌာန
  2. သတင်းအချက်အလက်သိပ္ပံဌာန
  3. ကွန်ပျူတာဌာန
  4. ကွန်ပျူတာစနစ်နှင့်နည်းပညာဌာန
  5. သဘာဝသိပ္ပံဌာန
  6. ဘာသာစကားများဌာန
    • မြန်မာနိုင်ငံဌာန
    • အင်္ဂလိပ်ဌာန
  7. သတင်းအချက်အလက်နည်းပညာထောက်ပံ့ခြင်းနှင့်ထိန်းသိမ်းခြင်းဌာန
    • အသုံးချဌာန

စီမံခန့်ခွဲမှုဌာနများ

  1. ဝန်ထမ်းရေးရာဌာန
  2. ကျောင်းသားရေးရာဌာန
  3. ငွေစာရင်းဌာန
  4. နယ်​မြေဌာန

[]

ပါမောက္ခချုပ်များ / ကျောင်းအုပ်ကြီးများ

နောက်ထပ် အချက်အလက်များ စဉ်, နာမည် ...
Remove ads

ပညာရေးဆိုင်ရာဆက်နွယ်မှု

၂၀၁၉ ခုနှစ်တွင် MikroTik ပညာ​​ရေးဆိုင်ရာသင်တန်း ဖွင့်လှစ်ရန် MikroTik အကယ်ဒမီနှင့်အတူ ပူး​ပေါင်းခဲ့သည်။[]

အဖွဲ့အစည်းများ

ကျောင်းသားများသမဂ္ဂ

၂၀၁၉ ခုနှစ်တွင် ကျောင်းသားများသမဂ္ဂကို တရားဝင်တည်ထောင်ခဲ့သည်။ ကွန်ပျူတာတက္ကသိုလ်(မအူပင်) ကျောင်းသားများသမဂ္ဂ ဟုခေါ်သည်။

ကျောင်းသားအစည်းအရုံးများ / ကလပ်များ

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွင်းတွင် ပါမောက္ခများနှင့်ဆရာများ၏ပံ့ပိုးမှုဖြင့် အိုင်တီကလပ်ကို တည်ထောင်ခဲ့ပြီး တက္ကသိုလ်၏ပါမောက္ခချုပ်မှ အသိအမှတ်ပြုခဲ့သည်။ ၎င်းကို အိုင်တီကလပ် ကွန်ပျူတာတက္ကသိုလ်(မအူပင်) အဖြစ်လူသိများသည်။[]

Music Club၊ Dance Club, Handmade Club, E-Sport Club တို့ကို ကျောင်းသားများသမဂ္ဂမှ ကျောင်းသားကလပ်များ အဖြစ်တည်ထောင်ပေးထားသည်။

ထုတ်ကုန်ပြပွဲ

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တက္ကသိုလ်၏ထုတ်ကုန်ပြပွဲကို ကျင်းပခဲ့သည်။ [] ကျောင်းသားများသည် ထုတ်ကုန် ၄၁ ခုကို ပြသခဲ့သည်။ ထုတ်ကုန်ပြပွဲတွင် Information System of Private Hospital [], Trip Advisor နှင့် Garden System တို့သည် ပထမ၊ ဒုတိယနှင့်တတိယဆုအသီးသီးရရှိခဲ့ကြသည်။ Smart Restaurant [], APineKine နှင့် Smart Township System[] တို့သည်နှစ်သိမ့်မှုဆုများရရှိခဲ့သည်။

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads