ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)
From Wikipedia, the free encyclopedia
Remove ads
ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရှမ်းစုတောင်ရပ်ကွက်၊ ဇော်ဂျွန်းလမ်းနှင့် တာရိုးလမ်းကြား၊ ဦးပိုင်အမှတ် (၂၂+၁/၂၃) တွင်တည်ရှိပြီး စုစုပေါင်းဧရိယာ အကျယ်အဝန်းမှာ(၅.၈၆၂)ဧက ဖြစ်သည်။[၁] သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန လက်အောက်ရှိ နိုင်ငံပိုင်တက္ကသိုလ်တစ်ခု ဖြစ်သည်။
Remove ads
သင်တန်းများ
ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မှ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိသော သင်တန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
- ပထမနှစ် ကွန်ပျူတာသိပ္ပံနှင့်နည်းပညာ
- ဒုတိယနှစ် ကွန်ပျူတာသိပ္ပံ
- ဒုတိယနှစ် ကွန်ပျူတာနည်းပညာ
- တတိယနှစ် ကွန်ပျူတာသိပ္ပံ
- တတိယနှစ် ကွန်ပျူတာနည်းပညာ
- ဂုဏ်ထူးတန်း ကွန်ပျူတာသိပ္ပံ
- ဂုဏ်ထူးတန်း ကွန်ပျူတာနည်းပညာ
ပေးအပ်ချီးမြှင့်သောဘွဲ့များ
ကွန်ပျူတာတက္ကသိုလ်(မြစ်ကြီးနား)မှ ပေးအပ်ချီးမြှင့်သော ဘွဲ့ဒီဂရီများနှင့် အသိအမှတ်ပြုလက်မှတ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။[၁]
- ကွန်ပျူတာသိပ္ပံဘွဲ့ B.C.Sc
- ကွန်ပျူတာနည်းပညာဘွဲ့ B.C.Tech
- ကွန်ပျူတာသိပ္ပံဂုဏ်ထူးဘွဲ့ B.C.Sc(Hons:)
- ကွန်ပျူတာနည်းပညာဂုဏ်ထူးဘွဲ့ B.C.Tech(Hons:)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads