ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)

From Wikipedia, the free encyclopedia

Remove ads

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) University of Computer Studies (Hinthada)သည် ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ဟင်္သာတမြို့နယ်၊ တာငါးဆယ်တောင် ရပ်ကွက်၊ ကရင်ကျောင်းလမ်းတွင် တည်ရှိသည်။ ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ အကျယ်အဝန်းမှာ ၅.၃၄၆၂ ဧက ဖြစ်သည်။[] တာဝန်ခံပါမောက္ခချုပ်သည် ဒေါက်တာထွန်းမြတ်အောင် ဖြစ်ပါသည်။

သမိုင်းကြောင်း

အစိုးရ ကွန်ပျူတာ ကောလိပ် (ဟင်္သာတ) အား ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ် ဦးရွှေဒွေးလမ်းရှိ အ.လ.က(၂)၊ ဟင်္သာတမြို့ အဆောက်အဦးတွင် စတင် ဖွင့်လှစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစ၍ ဟင်္သာတမြို့၊ တာငါးဆယ်တောင် ရပ်ကွက်၊ ကရင်ကျောင်းလမ်းတွင်ရှိသော အစိုးရ နည်းပညာ ကောလိပ်ကျောင်း နေရာသို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ အဖွဲ့မှ တက္ကသိုလ်အဆင့်သို့ တိုးမြှင့်ခဲ့ပြီး ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)အဖြစ်သို့ ဖွင့်လှစ်ပေးခဲ့သည်။[]

Remove ads

သင်တန်းများ

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် အဓိကဘာသာရပ်နှစ်ခုဖြစ်သော ကွန်ပျူတာသိပ္ပံ နှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များအား သင်ကြားပို့ချလျက်ရှိသည်။ စာတွေ့၊ လက်တွေ့ ပေါင်းစပ် သင်ကြားပေးလျက်ရှိသော အဓိကဘာသာရပ်များမှာ[]

  1. ကွန်ပျူတာ ပရိုဂရမ်နည်းပညာ (Software Technology) ဘာသာရပ်များ၊
  2. ကွန်ပျူတာစက်နည်းပညာ (Hardware Technology) ဘာသာရပ်များ၊
  3. ကွန်ပျူတာအသုံးချနည်းပညာ (Application Technology) ဘာသာရပ်များ၊
  4. သုတသိပ္ပံ (Information Science) ဘာသာရပ်များနှင့်
  5. တွက်ချက်ရေးသင်္ချာ(Computational Mathematics) ဘာသာရပ်များ

B.C.Sc. B.C.Tech. M.C.Sc. M.C.Tech. D.C.Sc. ဘွဲ့များကို ပေးအပ်ချီးမြှင့်ပါသည်။


Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads