ကွီဗက်မြို့ဟောင်း
From Wikipedia, the free encyclopedia
Remove ads
ကွီဗက်မြို့ဟောင်း သည် ကနေဒါနိုင်ငံ ကွီဗက်ပြည်နယ် ကွီဗက်စီးတီးတွင် တည်ရှိသော သမိုင်းဝင် ရပ်ကွက်တစ်ခု ဖြစ်သည်။ အထက်မြို့ (ပြင်သစ်: အော့တ်ဗေးလ်) နှင့် အောက်မြို့ (ပြင်သစ်: ဘတ်စ်ဘေးလ်) ဟူသော နေရာနှစ်ခု ပါဝင်ပြီး ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ထားသော နေရာ ဖြစ်သည်။ ကွီဗက်မြို့ဟောင်းသည် ဗြုစ်-ကွီဗက်-ကက်ပ်-ဘလန့်-ကောလင်း ပါလီမန် ရပ်ကွက်၏ တစိတ်တပိုင်းဖြစ်ပြီး လာ စိုက်-လီမွိုင်လို မြို့နယ် အတွင်းတွင် တည်ရှိသည်။
ထိုအရပ်အား အများအားဖြင့် မြို့ဟောင်း၊ ကွီဗက်မြို့ဟောင်း ဟု ခေါ်ဝေါ်လေ့ ရှိကြသည်။[၁] တစ်ခါတစ်ရံတွင် လက်တင်ရပ်ကွက်ဟုလည်း ခေါ်လေ့ရှိသော်လည်း လက်တင်ရပ်ကွက်ဆိုသည်မှာ လာဗဲတက္ကသိုလ်၏ မူလနေရာ ဖြစ်ခဲ့သော ဆီမီနဲ ဒီ ကွီဗက် အရပ် ပတ်ဝန်းကျင်ကို ခေါ်ဆိုကြခြင်း ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads