ခင်ကြီးအောင်
From Wikipedia, the free encyclopedia
Remove ads
ပခုက္ကူ မြို့တွင် အဖ ပွဲရုံပိုင်ရှင် ဦးဘဘွား၊ အမိ ဒေါ်လှဝင်း တို့က ၁၉၃၇ ခုနှစ် ဧပြီလ ၂၄ ရက် (မြန်မာနိုင်ငံ စာပေ ဆုများနှင့် မြန်မာ စာပေ အဘိဓာန် (၁) တို့ တွင်မူ ၆ မေ ၁၉၃၆ ခုနှစ် ဟု ဖော်ပြ ထားသည်) နေ့တွင် ဖွားမြင်သည်။ မွေးချင်း ခြောက်ယောက် အနက် စတုတ္ထမြောက်၊ ငယ်နာမည် မောင်ခင်ကြီး၊ အမည်ရင်း ဦးထွန်းခင် ဖြစ်သည်။
မြိုင်မြို့နယ် ဖောင်းကွဲ ကျေးရွာ သိမ်ကုန်း ကျောင်းရှိ မူလတန်းကျောင်း (၁၉၄၄ - ၄၉)၊ ပခုက္ကူ အထက (၁) တွင် ပဉ္စမတန်းမှ တက္ကသိုလ် ဝင်တန်း အထိ (၁၉၅၁ - ၅၅) သင်ယူ ခဲ့သည်။ ၁၉၅၅ တွင် တက္ကသိုလ် ဝင်တန်း အောင်မြင် ခဲ့သည်။
၁၉၅၅ ခုနှစ်တွင် တရား လွှတ်တော်ချုပ် အမွေထိန်းနှင့် ပစ္စည်းထိန်း ဝန်ရုံး၌ အောက်တန်း စာရေး အဖြစ် စတင် အမှု ထမ်းသည်။ ၁၉၅၈ ခုနှစ်တွင် လူဝင်မှု ကြီးကြပ်ရေး ဝန်ရုံးသို့ အထက်တန်း စာရေး အဖြစ် ပြောင်းရွှေ့ အမှု ထမ်းခဲ့သည်။ ထို့နောက် လူဝင်မှု ကြီးကြပ်ရေးမှူး အဖြစ် ရာထူး တိုးမြှင့် ခံရသည်။ ၁၉၆၁ ခုနှစ်တွင် မိမိဆန္ဒ အလျောက် ရာထူးမှ နုတ်ထွက်၍ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင် ခဲ့သည်။
စာပေ ဝါသနာ ပါသည့် အလျောက် ၁၉၆၅ ခုနှစ်တွင် ဂေါ်ကီထံ ပေးစာများ ဘာသာပြန် စာအုပ်ဖြင့် စာပေ လောကသို့ ဝင်ရောက် ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် လူအဆန်ဆုံး လူသား၊ သွေးမြေကို ကျောခိုင်း၍၊ ၁၉၇၅ ခုနှစ်တွင် လင်းယုန်တို့မြေ၊ ဆန်းစသူရိန်၊ ကမ္ဘာကျော် တို့၏ ကိုယ်တွေ့ စိတ်ဆောင် အောင်မြင်နည်းများ၊ ၁၉၇၆ ခုနှစ်တွင် စိတ်ထား ဇာနည် ဘာမထီ၊ အယောင်ဆောင် သမားကြား ဓားစာခံ၊ ၁၉၇၇ ခုနှစ်တွင် ဟင်းမလားကို တပတ် ရိုက်ခဲ့သူ ရေနံ သူလျှို၊ မြတ်သော ကရုဏာရှင်၊ ၁၉၈ဝ ပြည့်နှစ်တွင် အန္တိမ နယ်ခြား၊ ၁၉၈၁ ခုနှစ်တွင် မဆုံးညဉ့် သံသရာ၊ ၁၉၈၇ ခုနှစ်တွင် ဒေါက်တာ ဇော်ဂါနှင့် မဟာဗျူဟာ သူလျှိုကြီးများ၊ ရုန်း၍ ကန်၍ ရင်ဆိုင်၍၊ ၁၉၈၈ ခုနှစ်တွင် သံမဏိ စိတ်ဓာတ်ရှင်များ၊ ၁၉၉၃ ခုနှစ်တွင် ကမ္ဘာကျော် တို့၏ ကိုယ်တွေ့ လူ့ဘဝ အောင်မြင် နည်းများ စသည့် စာအုပ်များကို ရေးသား ထုတ်ဝေ ခဲ့သည်။ ၁၉၆၇ ခုနှစ် အမျိုးသား စာပေဆု ဘာသာပြန် ဒုတိယဆုကို သွေးမြေကို ကျောခိုင်း၍ စာအုပ်ဖြင့် ရရှိ ခဲ့သည်။
Remove ads
ဘဝနိဂုံး
၁၉၉၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။[၁]
စာညွှန်း
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads