ခင်အောင်မြင့်

From Wikipedia, the free encyclopedia

ခင်အောင်မြင့်

ဦးခင်အောင်မြင့် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သူတစ်ဦး ဖြစ်သည်။[] ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအဖွဲ့ကော်မတီ၏ အဖွဲ့ဝင်လည်း ဖြစ်သည်။[]

အချက်တိုများ သီရိပျံချီ ဦးခင်အောင်မြင့်, အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ...
သီရိပျံချီ

ဦးခင်အောင်မြင့်
Thumb
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
တာဝန်သက်တမ်း
၃ ဖေဖော်ဝါရီ ၂၀၁၆  ၃၁ ဇန်နဝါရီ ၂၀၂၁
မဲဆန္ဒနယ်မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈)
ပထမမြောက် ပြည်ထောင်စုလွှတ်တော် နာယက
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၁ ဇူလိုင် ၂၀၁၃
လက်ထောက်ဦးမြငြိမ်း
ယခင်လူရာထူးစတင်
ဆက်ခံသူဦးရွှေမန်း
ပထမအကြိမ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၂၉ ဇန်နဝါရီ ၂၀၁၆
လက်ထောက်ဦးမြငြိမ်း
ယခင်လူရာထူးစတင်
ဆက်ခံသူမန်းဝင်းခိုင်သန်း
အမျိုးသားလွှတ်တော် အမတ်
တာဝန်သက်တမ်း
၃၁ ဇန်နဝါရီ ၂၀၁၁  ၂၉ ဇန်နဝါရီ ၂၀၁၆
ဆက်ခံသူဦးမောင်မောင်ဆွေ
မဲဆန္ဒနယ်မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် ၉
ရမည်းသင်းမြို့နယ် နှင့် ပျော်ဘွယ်မြို့နယ်
ယဉ်ကျေးမှု ဝန်ကြီးဌာန ဝန်ကြီး
တာဝန်သက်တမ်း
၁၅ မေ ၂၀၀၆  ၃၀ မတ် ၂၀၁၁
ယခင်လူဦးကြည်အောင်
ဆက်ခံသူဦးကျော်ဆန်း
ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး
ကာကွယ်ရေး ဝန်ကြီးဌာန
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၄၆ (အသက် ၇၈၇၉)[]
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဘုရားကလေးကျေးရွာ
လူမျိုးဗမာလူမျိုး
နိုင်ငံရေးပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကြင်ဖော်ဒေါ်ခင်ပြုံး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်
ဆုတံဆိပ်များသီရိပျံချီဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံမြန်မာနိုင်ငံ
တပ်/တပ်ဖွဲ့ခွဲတပ်မတော်
ရာထူးဗိုလ်ချုပ်
ပိတ်ရန်


ဦးခင်အောင်မြင့်အား ၁၉၄၆ ခုနှစ်တွင် ပဲခူးတိုင်းဒေသကြီးပဲခူးမြို့၊ ဘုရားကလေးကျေးရွာ၌ မွေးဖွားခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကိုရရှိခဲ့ပြီး၊ ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ Diploma in Defense and Security ကို ရရှိခဲ့သည်။ တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဘွဲ့တံဆိပ်ပေါင်း (၁၉) ခုကိုလည်းကောင်း၊ ၂၀၁၁ ခုနှစ်တွင် သီရိပျံချီဘွဲ့ကိုလည်းကောင်း နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည်။[]

စစ်မှုထမ်းခြင်းနှင့် ဝန်ထမ်းဘဝ

ဦးခင်အောင်မြင့်သည် ကာကွယ်ရေးဝန်ကြီးဌာနတွင် ၁၉၆၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်တိုင်အောင် ဒုတပ်မမှူးအဆင့်အထိ အဆင့် ဆင့်တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၁၉၉၇ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးတွင် ဗိုလ်ချုပ်ရာထူးအထိ ညွှန်ကြားရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။

ထို့နောက် ၂၀၀၆ ခုနှစ် ၂၀၁၀ ခုနှစ်အထိ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးသမားဘဝ

၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး တွင် အမျိုးသားလွှတ်တော်မှ တင်မြောက်သော ဒုတိယသမ္မတလောင်းအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေ၍ နာမည်စာရင်း တင်သွင်းခံရသော်လည်း မတ်လ ၁၁ ရက်နေ့ ကျင်းပပြုလုပ်သော အစည်းအဝေးပွဲတွင် ပြိုင်ဘက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဟင်နရီဗန်ထီးယူနှင့် မဲခွဲဆုံးဖြတ်ရာ ရှံးနိမ့်ခဲ့သည်။

ကိုယ်ရေးဘဝ

၂၀၀၆ ခုနှစ် အောက်တိုဘာလတွင် တပ်မတော်မှ ဗိုလ်ချုပ်အဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။ ဦးခင်အောင်မြင့်သည် ဇနီး၊ သား(၂) ဦး၊ မြေး (၃) ဦးတို့နှင့်အတူ နေပြည်တော်တွင် နေထိုင်လျက်ရှိသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.