ခရက်ဒစ် ကဒ်
From Wikipedia, the free encyclopedia
Remove ads
Remove ads
ခရက်ဒစ် ကဒ် သို့မဟုတ် အကြွေးဝယ်ကဒ် သည် ငွေကြေးပေးဆောင်ရသည့် ကဒ်အမျိုးအစားဖြစ်ပြီး ဘဏ်များမှ ထုတ်ပေးလေ့ရှိကာ အသုံးပြုသူများအား ပစ္စည်းများ ဝယ်ယူရန် သို့မဟုတ် ငွေကြေးထုတ်ယူရန် ခွင့်ပြုပေးထားသည်။ ကဒ်ဖြင့် အသုံးပြုသည့် ငွေကြေးပမာဏအား အကြွေးအဖြစ် သတ်မှတ်ကာ နောက်ပိုင်းတွင် ပြန်လည် ပေးဆပ်ရန် လိုအပ်သည်။[၁] ခရက်ဒစ်ကဒ်များသည် ကမ္ဘာတစ်ဝန်း အသုံးပြုမှုများပြားသော ငွေကြေးပေးဆောင်မှုပုံစံများတွင် တစ်ခုအပါအဝင် ဖြစ်သည်။[၂]

- ထုတ်ပေးသော ဘဏ်၏ လိုဂို
- EMV ချစ်ပြား ("စမတ်ကဒ်များ" တွင်သာ)
- ဟော်လိုဂရမ်
- ကဒ်နံပါတ်
- ကဒ်ကွန်ယက် လိုဂို
- ကုန်ဆုံးရက်
- ကဒ်ကိုင်ဆောင်သူ အမည်
- ထိတွေ့မှုမလိုသော ချစ်ပ်

- သံလိုက်ပြား
- လက်မှတ်
- ကဒ်လုံခြုံရေးကုဒ်
ပုံမှန် အကြွေးဝယ်ကဒ်တစ်ခုသည် လစဉ်လတိုင်း သို့မဟုတ် ငွေစာရင်းရှင်းတမ်းတစ်ကြိမ်စီတွင် ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။[၃] အကြွေးဝယ်ကဒ်သည် အသုံးပြုသူအား သုံးစွဲထားသော ငွေကြေးပမာဏအပေါ် အတိုးနှုန်းထပ်ပေါင်းကာ အကြွေးပမာဏကို စဉ်ဆက်မပြတ် ပေးဆပ်ရန် လိုအပ်သည်။
၂၀၁၈ ခုနှစ် ဇွန်လအရ ကမ္ဘာတစ်ဝန်းတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၇.၇၅၃ ဘီလီယံ ရှိသည်။[၄] ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံတွင် သုံးစွဲလျက်ရှိသော အကြွေးဝယ်ကဒ်ပေါင်း ၁.၀၉ ဘီလီယံ ရှိကာ နိုင်ငံရှိ အရွယ်ရောက်သူ ၇၂.၅% တွင် အကြွေးဝယ်ကဒ် အနည်းဆုံးတစ်ကဒ် ပိုင်ဆိုင်ထားသည်။[၅][၆][၇][၈]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads