ခရစ်ယာန်လူငယ်များအသင်း
ဆာ ဂျော့ဝီလျံမှ ၁၈၄၄ ခုနှစ်တွင် တည်ထောင်ခဲ့သော ကမ္ဘာတဝှမ်း လူငယ်အဖွဲ့အစည်း From Wikipedia, the free encyclopedia
Remove ads
ဝိုင်၊ အမ်၊ စီ၊ အေ၊ ဟု မြန်မာတို့ နှုတ်ကျိုး၍ ခေါ်နေ သော ခရစ်ယာန်လူငယ်များ အသင်းသည် လူမှုပေါင်းသင်း ဆက်ဆံရေးနှင့် အယူဝါဒဆိုင်ရာ လုပ်ငန်းများအတွက် မူလက ရည်စူး၍ ဖွဲ့စည်းတည်ထောင်ခဲ့ သော လူငယ်အဖွဲ့အစည်းတစ်ခု ဖြစ်၏။ ထိုအသင်းကို ဂျော့ ဝီလျံဆိုသော လူငယ်တစ်ဦးသည် ခရစ် ၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ၌ စတင်တည်ထောင် ခဲ့သည်။

ဂျော့ဝီလျံသည် လန်ဒန်မြို့သို့ နယ်မှရောက်ကာ စိန်ပေါလ် ဘုရားရှိခိုးကျောင်းဝင်းရှိ အထည်တိုက်ကြီး တစ်တိုက်တွင် အလုပ်လုပ်ကိုင်နေရင်း လုပ်ဖော်ကိုင်ဖက် လူငယ်များအား ဖိတ်ခေါ်ပြီးလျှင် သမ္မာကျမ်းစာကို လေ့ကျက်ခြင်း၊ ဘုရားဝတ် ပြုခြင်း၊ စသည်တို့ကို ပြုလုပ်ခဲ့သည်။ ထိုသို့ မိတ်ဆွေတစ်စုနှင့် သိုက်မြိုက်စွာ ကောင်းရာကောင်းကျိုးတို့ကို ပြုလုပ်နိုင်ခဲ့ရာမှ လူငယ်များ နှလုံးရည် တိုးတက်မှုကို ရှေးရှုသောအသင်း တစ်သင်း တည်ထောင်ရန် အကြံပေါ်ပေါက်ခဲ့လာ၏။ သို့အား လျော်စွာ ၁၈၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် ခရစ်ယာန် လူငယ်များအသင်းကို အသင်းသား ၁၂ ဦးနှင့် စတင်တည် ထောင်လိုက်လေသည်။
အသင်းလုပ်ငန်းသည် တစ်စတစ်စ ကျယ်ပြန့်လာပြီးလျှင် အခြားနိုင်ငံများသို့ တဖြည်းဖြည်း ပျံ့နှံ့သွား၏။ အသင်းကို စတင်ပျိုးထောင်ခဲ့သော ဂျော့ဝီလျံမှာလည်း နောင်တွင် အလုပ်ကြီးပွား၍ အထည်တိုက်၌ အကြီးအကဲ ဖြစ်လာပြီးလျှင် ၁၈၉၄ ခုနှစ်၌ ဆာဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရလေသည်။ ဂျော့ဝီလျံသည် အခြေအနေ တိုးတက်လာသည်နှင့်အမျှ ခရစ်ယန်လူငယ်များ အသင်း၏ ကြီးပွားရာ ကြီးပွားကြောင်းကိုလည်း အစဉ်တစိုက် ကြိုးပမ်းခဲ့လေသည်။
ခရစ်ယန်လူငယ်များအသင်း၏ အထိမ်းအမှတ်မှာ အနီ ရောင်တြိဂံ ဖြစ်ပေသည်။ ဂျီနီဗာမြို့၌ အပြည်ပြည်ဆိုင်ရာ ခရစ်ယန်လူငယ်များအသင်းအဖွဲ့ချုပ် တည်ရှိ၍ ကမ္ဘာအရပ်ရပ်ရှိ အသင်းခွဲများနှင့် ဆက်သွယ်လျက် ရှိသည်။ ၁၉၅၄ ခုနှစ် အကုန်တွင် နိုင်ငံပေါင်း ၇၂ နိုင်ငံတို့၌ အသင်းခွဲပေါင်း ၁၀၀၀ဝ ကျော်တို့သည် တာဝန်ခံအရာရှိပေါင်း ၆ဝဝဝ ခန့်နှင့် အသင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိလေသည်။ အသင်း ဝင် ဦးရေမှာ နှစ်စဉ်တိုးတက်ခဲ့သည်ဖြစ်ရာ ၁၉၅၄ ခုနှစ်တွင် ကမ္ဘာတစ်ဝှန်းလုံးရှိ အသင်းဝင်ပေါင်းမှာ ၄ဝဝဝဝဝဝ ကျော်မျှ ဖြစ်လေသည်။
မျက်မှောက်ခေတ်တွင် ခရစ်ယာန်လူငယ်များအသင်း၏ ရည်ရွယ်ချက်မှာ ယခင်အခါများကထက်ပင် ကျယ်ပြန့်လာလေ တော့သည်။ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူငယ်များ၏ စည်းရုံးရေးကို အဓိကထား၍၊ လူမှု ဝန်ထမ်းစိတ်ဓာတ် မွေးမြူ မှု၊ စာရိတ္တကောင်းမွန်မှု၊ အပေါင်းအသင်းဝင်ဆံ့မှု၊ ကိုယ်လက် ကြံ့ခိုင်မှု၊ ပညာရည် တိုးတက်မှုတို့သည်လည်း အသင်း၏ ရည်ရွယ်ချက်တွင် အကျုံးဝင်လျက် ရှိပေသည်။ အသင်း တိုက်များတွင် စာသင်တန်းများ၊ ဟောပြောပွဲများ၊ မိတ်ဆက် ပွဲများ၊ ဆွေးနွေးပွဲများ၊ ကစားခုန်ပွဲများ စသည်တို့ကို အသင်း ဝင်တို့၏ အကျိုးအလို့ငှာ မကြာခဏ ပြုလုပ်လေ့ရှိသည်။ ပထမကမ္ဘာစစ်ကြီးအတွင်း၌ ခရစ်ယာန်လူငယ်များ အသင်း ဝင်တို့သည် ရန်ပုံငွေအမြောက်အမြား စုဆောင်းကာ၊ စစ်သား များ စိတ်လက်ဖျော်ဖြေရေးနှင့် သက်သာချောင်ချိရန်အတွက် စစ်တပ်ရိပ်သာများကို ဖွင့်လှစ် တိုးချဲ့၍ ဖွင့်လှစ်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ မေမြို့နှင့် မော်လမြိုင် မြို့များ၌ ဝိုင်၊ အမ်၊ စီ၊ အေ အသင်းများ တည်ထောင်ပြီး ဖြစ်သည်။[၁]
ခရစ်ယာန်လူငယ်များအသင်းနှင့် ရည်ရွယ်ချင်ချင်း တူညီ သောအသင်းတစ်ခုမှာ ဝိုင်၊ ဒဗျူ၊ စီ၊ အေ၊ ခေါ် ခရစ်ယာန် မိန်းကလေးများအသင်း ဖြစ်၏။ ထိုအသင်းကို အင်္ဂလန်နိုင်ငံတွင် ၁၈၅၅ ခုနှစ်၌ စတင်တည်ထောင် ခဲ့သည်။ ခရစ်ယာန် လူငယ်များအသင်းသည် အမျိုးသားများအတွက် အကျိုးဆောင် သကဲ့သို့ ဝိုင်၊ ဒဗျူ၊ စီ၊ အေ သည် အမျိုးသမီးများအတွက် အကျိုးဆောင်လေသည်။ အသင်း၏ အထိမ်းအမှတ်မှာ အပြာရောင် တြိဂံဖြစ်သည်။ ယခုအခါ နိုင်ငံပေါင်း ၆၈ နိုင်ငံ တွင် ခရစ်ယာန် မိန်းကလေးအသင်းဝင်ပေါင်း ၅ဝဝဝဝဝ ကျော် မျှ ရှိလေသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့၊ မန္တလေးမြို့၊ မေမြို့၊ တောင်ကြီးမြို့နှင့် မော်လမြိုင်မြို့များ၌ ဝိုင်၊ ဒဗျူ၊ စီ၊ အေ အသင်းများ ဖွင့်လှစ်ပြီး ဖြစ်သည်။[၂]
Remove ads
ကိုးကား
တခြားကြည့်ရန်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads