ခရိုင်းမီးယား
From Wikipedia, the free encyclopedia
Remove ads
ခရိုင်းမီးယား (အင်္ဂလိပ်: Crimea ; ရုရှား: Крым ; ယူကရိန်း: Крим, ရောမအက္ခရာ: Krym; ရှေးဟောင်းဂရိ: Κιμμερία/Ταυρική, ရောမအက္ခရာ: Kimmería/Taurikḗ) သည် ဥရောပအရှေ့ပိုင်း ပင်လယ်နက်၏မြောက်ဘက်ရှိ ကျွန်းဆွယ်ဒေသဖြစ်သည်။ အရှေ့မြောက်ဘက်၌ အဇော့ပင်လယ်ရှိပြီး မြောက်ဘက်မှလွဲ၍ ကျန်မျက်နှာပြင်အားလုံးကို ပင်လယ်နက်က ဝန်းရံထားသည်။ ပီရီကော့ကျွန်းဆွယ်ဆက်နှင့်ချိတ်ကာ ယူကရိန်းနိုင်ငံ၊ ခါဆန်ဒေသပိုင် ဖြစ်လာသည်။ ခရိုင်းမီးယား၏အနောက်ဘက်၌ ကာ့ချ်ရေလက်ကြားဖြင့် ခြားသော ရုရှားနိုင်ငံ၊ ကူဘန်ဒေသရှိပြီး ၂၀၁၈ ကပင် ခရိုင်းမီးယားတံတားဖြင့် ဆက်လိုက်သည်။ ဆိုင်ဗက်ရှ်ရေပြာအိုင်နှင့် အဇော့ပင်လယ်ကို ခြားထားသော အာရဗ္ဗတ်ကျွန်းမျှောင်သည် ခရိုင်းမီးယားမြေအဖြစ်သည်။ အနောက်ဘက်၌ ပင်လယ်နက်ကို ကျော်လျှင် ရိုမေးနီးယား ရောက်သည်။ တောင်ဘက်မှာ တူရကီရှိ၏။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |

၂၀၁၄ ခု၊ ဖေဖော်ဝါရီတွင် ယူကရိန်းတော်လှန်ရေးဖြစ်ကာ သမ္မတ ဗစ်တာ ဟာနော့ကိုဗစ်ကို အရာချချိန်၌ ရုရှားလိုလားသော ရုရှားလက်နက်ကိုင်တပ်၏ တောင်းဆိုမှုဖြင့် ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းသည်။ ရုရှားနှင့်ပေါင်းမည် မပေါင်းမည်အတွက် မြေသိမ်းထားသော ရုရှားက ယူကရိန်း၏အခြေခံဥပဒေတွင် မပါဝင်သော ခရိုင်းမီးယားဒေသ လူထုဆန္ဒကောက်ခံပွဲ လုပ်သည်။ ယူကရိန်းလိုလားသူအများစုက မဲမပေးခဲ့သော်လည်း ၉၀% ကျော်က ထောက်ခံသည်ဟူ၍ အတည်ပြုချက် ထွက်လာသည်။ အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂကလည်း တရားမဝင်ဟု ကြေညာချက်ထုတ်ကြသည်။ သို့သော် ၂၀၁၄ ခု၊ မတ်လ ၁၈ ရက်တွင် ခရိုင်းမီးယား သမ္မတနိုင်ငံနှင့် ဆီဗက်စတိုပေါဖက်ဒရယ်မြို့ကို ရုရှား၏ ၈၄ နှင့် ၈၅ ခုမြောက် ရုရှားမြေများအဖြစ် ရုရှားက တရားဝင်ကြေညာသည်။ ခရိုင်းမီးယား၏အပိုင်နိုင်ငံမှာ ယခုတိုင် အချင်းများနေဆဲ ဖြစ်သည်။ ယူကရိန်းပိုင်အဖြစ် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက အသိအမှတ်ပြုထားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads