ခုံဖိနပ်

From Wikipedia, the free encyclopedia

ခုံဖိနပ်
Remove ads

ခုံဖိနပ်သည် လူစီးရန် ပေါ့ပါးသော သစ်သားကို သဲကြိုးတပ်ထားသော မြန်မာ့ရိုးရာဖိနပ်တစ်မျိုးကို ခေါ်သည်။ ကွင်းထိုး ခုံဖိနပ်နှင့် ‌‌ခြေညှပ်ခုံဖိနပ် နှစ်မျိုးရှိသည်။

Thumb

ခုံဖိနပ်ပြုလုပ်ရန် အတွက် ယခုမျက်မှောက်ခေတ်တွင် ကုက္ကိုသား၊ သရက်သားနှင့် ဇီးသားများကို အများဆုံး အသုံးပြုကြလေ့ရှိကြသည်။

‌ရှေးမြန်မာ အရပ်သူအရပ်သား လူလတ်တန်းစားများသည် သစ်သားအကြမ်းထည်ခုံဖိနပ်ကို ကတ္တီပါကြိုးတပ် စီး၍ ဘုရင်နှင့်မင်း‌ဆွေမင်းမျိုးများ မှူးမတ်၊ဝန်ကြီးများနှင့် လူကုန်ထံ သူဌေးသူကြွယ်များသည် ကျွန်း၊ပျဉ်းကတိုး စသည့် သစ်သားကို ဖိနပ်ပုံခုတ်၍ ကတ္တီပါအုပ်ကာ နွားသား‌ရေကိုအောက်ခံဆိုးအဖြစ်သုံးပြီး ကတ္တီပါသဲကြိုးတပ်ကာ စီးကြ‌လေ့ရှိသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads