ခေါင်ရန်းဆည်းလည်း
From Wikipedia, the free encyclopedia
Remove ads
ခေါင်ရန်းဆည်းလည်း (Hibiscus rosa-sinensis)သည် ဟစ်ဘစ်စကက်စ် (Hibiscus)မျိုးစုရှိ မာလဗေးစီ (Malvaceae)မျိုးရင်းဝင် ပန်းပွင့်သောအပင်တစ်မျိုး ဖြစ်သည်။ ၎င်းကို အရပ်ခေါ်အားဖြင့် တရုတ်ဟစ်ဘစ်စကက်စ် (Chinese hibiscus)[၂] ဟုလည်းကောင်း၊ တရုတ်နှင်းဆီ (China rose)[၂] ဟုလည်းကောင်း၊ ဟာဝိုင်ယီ ဟစ်ဘစ်စကက်စ် (Hawaiian hibiscus)[၂] ဟုလည်းကောင်း၊ ရို့စ်မဲလို (rose mallow)[၃][၄] ဟုလည်းကောင်း၊ ရှူးဘလက်ပင် (shoeblackplant)[၅] ဟုလည်းကောင်း ခေါ်ကြသည်။
Remove ads
သိပ္ပံအမည်
၎င်း၏ သိပ္ပံအမည် Hibiscus rosa-sinensis အား ၁၇၅၃-ခုနှစ်တွင် ကားလ် လင်းနီးယပ် (Carl Linnaeus)မှ သူ၏ "Species Plantarum" စာအုပ်တွင် အမည်ပေးခဲ့သည်။ [၆] လက်တင်ဝေါဟာရဖြစ်သော rosa-sinensis ကို တိုက်ရိုက်ဘာသာပြန်လျှင် "တရုတ်နှင်းဆီ"ဟု အဓိပ္ပာယ်ရသော်လည်း၊ ၎င်းသည် နှင်းဆီပန်းမျိုးနှင့် ဆက်စပ်မှုမရှိပေ။[၇]
ပန်းပြခန်း
စိုက်ပျိုးထားသော ရောင်စုံခေါင်ရန်းဆည်းလည်းပန်းပင်များကို အလှစိုက်ပင်များအဖြစ် အသုံးပြုကြသည်။ တချို့တွင် ပွင့်ချပ်နှစ်ထပ်ရှိပြီး၊ တချို့တွင် ကွဲပြားသော ပွင့်ချပ်ပုံစံများရှိကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads