ချင်းစာပေ
From Wikipedia, the free encyclopedia
Remove ads
နှစ်ဆယ်ရာစုအထိ ချင်းအမျိုးသားတို့၌ စာအရေးအသား မရှိခဲ့။ နှစ်ဆယ်ရာစုရောက်မှ သာသနာပြုများ ရောက်လာကာ ချင်းစာကို တီထွင်ခဲ့ကြသည်။ ချင်းစာကို တီထွင်ရာ၌ ရောမအက္ခရာဖြင့် တီထွင်ခဲ့ခြင်းဖြစ်သည်။
ချင်းအမျိုးသားတို့မှာ မျိုးနွယ်စုအားဖြင့် ကွဲပြားနေသည့်အလျောက် ချင်းစာမှာလည်း မျိုးနွယ်စုအလိုက် ကွဲပြား၏။
မရာချင်းစာပေကို ၁၉၀၇ ခုနှစ်တွင် မရာနယ်သို့ရောက်ရှိလာသော သာသနာပြုဆရာ လောရိန်း က မရာချင်းစာတီထွင်ခဲ့၏။ ထိုစာမှာလည်း ရောမအက္ခရာအသုံးပြုသောစာပင်ဖြစ်သည်။ ထို့ကြောင့် ချင်းစာအားလုံးသည်ပင် ရောမအက္ခရာ အသုံးပြုစာများဖြစ်သည်။ စာပေအနေဖြင့် ပုံပြင်များကို ပြုစုခဲ့ကြသည်။ [၁]
ဟားခါးတွင် သာသနာပြု ကာဆင် က ဟားခါးချင်းများအတွက် ချင်းစာကို စ၍တီထွင်သည်။ ၁၉၁၈ တွင် တီးတိန်သို့ ရောက်လာသော သာသနာပြု ဆရာကုပ် က တီးတိန်ချင်းများအတွက် ရောမအက္ခရာဖြင့် ချင်းစာကို တီထွင်၏။ ၁၉၁၈ တွင် ဂွေ့တဲချင်းတို့သည်လည်း ဆရာကုပ်တီထွင်ခဲ့သော စာအုပ်ကိုပင် အသုံးပြုလာကြ၏။
ခေါင်စိုချင်းစာပေယဉ်ကျေးမှုအတွက်၂၀၀၀ခုနစ်တွင်ဦးအောင်ဆွေမှစတင်ဦးဆောက်ရွက်၍ရောမအက္ခရာအသုံးပြုသည့်စာပင်ဖြစ်သည်။
ရောမအက္ခရာ
Remove ads
အကိုးအကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads