ဇနကာဘိဝံသ၊ အရှင် (ချမ်းမြေ့)

From Wikipedia, the free encyclopedia

Remove ads

ချမ်းမြေ့ ဆရာတော် အရှင်ဇနကာ ဘိဝံသ (၁၂၉ဝ)

  1. ဘွဲ့အမည် - အရှင်ဇနကာ ဘိဝံသ။
  2. မိဘအမည် - ဦးဖြူမင်း + ဒေါ်ရွှေရည်။
  3. မွေးသက္ကရာဇ် - ၁၂၉ဝ ပြည့်၊ ဝါခေါင်လဆန်း၊ ၈ ရက်၊ အင်္ဂါနေ့။
  4. မွေးဖွားရာဒေသ - မကွေးတိုင်း၊ တောင်တွင်းကြီး မြို့နယ်။ ပျဉ်းမကျေးရွာ
  5. ကလောင်အမည်ခွဲများ - ချမ်းမြေ့ ဆရာတော်။

ကိုယ်ရေးဖြစ်စဉ်

၁၃ဝ၉ ခုနှစ် တန်ဆောင်မုန်း လပြည့်နေ့တွင် တောရဟန်း ဆရာတော် ဘဒ္ဒန္တပဒုမကို ဥပဇ္ဈာယ် ပြု၍ တောင်တွင်းကြီးမြို့ ရွှေအင်းတောင် ဘုရား အတွင်းရှိ ခဏ္ဍသိမ်၌ ရဟန်း အဖြစ်သို့ ရောက်ရှိသည်။ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံ တိုက်သစ် စည်ရှင် ဆရာတော်ကြီးများ ထံ၌ ပရိယတ္တိ စာပေများကို သင်ကြားခဲ့သည်။ အစိုးရ သာသနဓဇသီရိပဝရဓမ္မာ စရိယ၊ မန္တလေး သကျသီဟပရိယတ္တိသာသနဟိတဓမ္မာစရိယ ဘွဲ့များ ရရှိခဲ့သည်။ လန်ဒန် စာမေးပွဲများ ကိုလည်း အောင်မြင် ခဲ့သည်။ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ်၌ စာချကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။ အာရှ၊ ဥရောပ၊ အမေရိကတိုက် နိုင်ငံပေါင်း (၂ဝ) ခန့်သို့ သာသနာပြု ခရီး အဖြစ် လှည့်လည် ကြွတော်မူခြင်း၊ ကလေးမြို့ ခရစ်ယာန် အသင်းတော်များ ကောင်စီ၏ ပင့်လျှောက်ချက် အရ ဟောကြားခဲ့ခြင်း၊ မန္တလေး ရတနာပုံ ရိပ်သာ၊ ရန်ကုန် မဟာစည် သာသနာ့ ရိပ်သာ၌ ပြည်တွင်း ပြည်ပ ယောဂီများအား တရားဓမ္မ ဟောပြော ပြသလျက် ရှိခြင်း စသော သာသနာပြု လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘွဲ့၊ ၂၀၀၉ခုနှစ်တွင် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တို့ကို ရရှိခဲ့သည်။

Remove ads

ချမ်းမြေ့ ဆရာတော် အရှင်ဇနကာ ဘိဝံသ ရေးသား ထုတ်ဝေ ခဲ့သော စာအုပ်များ

  1. ကံနှင့် တမလွန်ဘဝ - ၁၉၉၄ ခုနှစ်
  2. ချမ်းမြေ့ မင်္ဂလာ သင်စရာ - ၁၉၈၉ ခုနှစ်
  3. ချမ်းမြေ့ သာသနာတော် လျှောက်စာတမ်း - ၁၉၈၇ ခုနှစ်
  4. ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓသာသနာ - ၁၉၉၅ ခုနှစ်
  5. ဂုဏ်တော် ဘုရား ရှိခိုးနှင့် သိမှတ်ဖွယ်ရာ အထွေထွေ - ၁၉၄၄ ခုနှစ်
  6. ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော် - ၁၉၉၄ ခုနှစ်
  7. တတိယ အကြိမ် ဓမ္မခရီး -
  8. တက္ကသိုလ် ဓမ္မသဘင် - ၁၉၈၅ ခုနှစ်
  9. ဗုဒ္ဓမြတ်စွာ၏ ချမ်းသာရေး တရားတော်များ - ၁၉၉ဝ ပြည့်နှစ်
  10. ယောဂီသိဖွယ် အသွယ်သွယ် -
  11. လူငယ်သင် ချမ်းမြေ့ အခြေပျိုး ဗုဒ္ဓဘာသာ
  12. လှူကထိန် သင်္ကန်းနှင့် မဂ်လမ်း - ၁၉၈၄ ခုနှစ်
  13. အနောက်တိုင်းမှ ဘဝ ပြဿနာ
  14. အသံလွှင့် တရားတော်များ
  15. Ordination Procedure and Some rules of Vinaya.
  16. Vipassana Meditation
  17. Vipassana Meditation Guilddiness
Remove ads

ရည်ညွှန်းကိုးကား

  • နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာများနှင့် စာစု စာရင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) စာတည်းအဖွဲ့၊ ပညာရွှေတောင် စာအုပ်တိုက်၊ ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမအကြိမ်။
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads