ချိုပြုံး

From Wikipedia, the free encyclopedia

Remove ads

ချိုပြုံး (၁၉၄၆-) သည် မြန်မာလူမျိုး ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော်တစ်ဦး ဖြစ်သည်။

ငယ်ဘဝ

၁၉၄၆ ခု၊ နိုဝင်ဘာလ ၁၇ ရက်တွင် ဦး ချန်ထွန်း၊ ဒေါ် ကြည်ကြည်တို့မှ ရန်ကုန်မြို့တွင် မွေးသည်။ မွေးချင်း ဆယ်ယောက်တွင် တတိယသမီးဖြစ်၍ ငယ်မည်မှာ အေးအေးတင့် ဖြစ်သည်။ ရန်ကုန်မြို့ ကျောင်းကုန်းတွင် အထက်တန်းထိ ပညာသင်ကြားခဲ့သည်။ ဖခင် ဦးချန်ထွန်းမှာ မြူနီစီပယ် ဝန်ထမ်းဖြစ်သည်။ [][][] မွေးချင်းများမှာ ကိုကျော်တင့်၊ ကိုအောင်တင့်၊ မအေးအေးတင့် (ချိုပြုံး)၊ မရွှင်ပြုံး (အဆိုတော်)၊ ကိုဝင်းတင့်၊ ကို?တင့်၊ မငြိမ်းငြိမ်းတင့်၊ မကြည်ကြည်တင့်၊ မစန်းစန်းတင့်၊ (ကို ?? တင့်) တို့ ဖြစ်ကြသည်။[]

Remove ads

မိသားစုဘဝ

"ဘဝချင်းဆုံတွေ့ပါရစေ" သီချင်း သီဆိုအပြီး ၁၉၆၃ တွင် ခင်ပွန်းသည် နှင့် အိမ်ထောင်ကျသည်။ ၁၉၆၄၊ ၁၉၆၆၊ ၁၉၆၈၊ ၁၉၇၀ နှစ်များတွင် သမီးကြီး၊ သားကြီး၊ သားငယ်၊ သမီးငယ် တို့ကို မွေးဖွားခဲ့သည်။ ယခုအခါ ရန်ကုန်မြို့တွင် မိသားစု သားသမီးမြေးမြစ်များ နှင့်အတူ နေထိုင်လျက်ရှိသည်။ မြေးငါးဦးအနက် ဝင်းခန့်မိုး နှင့် သန့်သီရိမိုး တို့ နှစ်ဦးမှာ အဖွားဖြစ်သူ၏ အနုပညာ အမွေကို ဆက်ခံကြသည်။ မြေးများမှာ ဖွားအေကဲ့သို့ ပါးတွင် ပါးချိုင့်ကိုယ်စီနှင့်ဖြစ်သည်။[]

Remove ads

အနုပညာဘဝ

ဂီတ နှင့် အက ကို ဝါသနာ ပါခဲ့သည်ဟု ဆိုသူ ချိုပြုံးသည် အက တွင် မထူးချွန်ခဲ့သော်လည်း ဂီတ တွင် ထူးချွန်ခဲ့သလို ရုပ်ရှင်သရုပ်ဆောင်အဖြစ်လည်း အနုပညာပါရမီကို ပြသခဲ့သည်။

ဖခင်ဖြစ်သူက တယောကို ကောင်းစွာထိုးတတ်၍ မိခင်ဖြစ်သူက သီချင်းအဆိုကောင်းသူဖြစ်ရာ ချိုပြုံးမှာ ငယ်စဉ်ကပင် ဂီတ ဝါသနာပါခဲ့သလို အက လည်း ဝါသနာပါခဲ့သည်။ ဖခင်က အားမပေးသော်လည်း မိခင် နှင့် အကိုဝမ်းကွဲဖြစ်သူ တေးရေး ကိုသက်ထွန်း တို့၏ အားပေးကူညီမှုဖြင့် "တေးကဗျာ" တေးဂီတအဖွဲ့ဖြင့် ရပ်ကွက်ပွဲများတွင် စတင်သီဆိုရင်း ဂီတလောကနှင့် ရင်းနှီးခဲ့ရသည်။ ဂီတစာဆို မောင်သက်မှူးက စင်တင်ပေးရာ ဂီတလောကသို့ ရောက်လာသည်။ အသက်ဆယ့်တစ်နှစ်အရွယ်တွင် ပထမဆုံးရေဒီယိုတေး "စစ်သမီး" သီချင်းကို အသံသွင်း ထုတ်လွှင့်နိုင်ခဲ့သည်။ အသက် ဆယ့်သုံးနှစ်အရွယ်တွင် နာမည်ရ အဆိုတော်တစ်ဦးဖြစ်နေပြီဖြစ်သည့် ချိုပြုံးသည် ရုပ်ရှင်နောက်ခံသီချင်းများ သီဆိုခဲ့ရသည်။ သီချင်းအများစုမှာ မင်းသမီးကြီး ဒေစီကျော်ဝင်း ၏ ရုပ်ရှင်များအတွက်ဖြစ်သည်။

ရုပ်ရည်ချောမောသော ချိုပြုံးသည် ရုပ်ရှင်သီချင်းများ သီဆိုရင်း ရုပ်ရှင်ဝါသနာလည်း ဝင်ခဲ့သည်။ အိမ်ထောင်ကျပြီးနောက်မှ မင်းသားကျော်သူ ၏ ဖခင် ဦးစိန်တင် ပံ့ပိုးမှုဖြင့် ရုပ်ရှင်သရုပ်ဆောင်ဘဝ စတင်ခဲ့သည်။ ရုပ်ရှင်စတင်ရိုက်ကူးစဉ်က လခစား ဘဝဖြင့် စတင်ခဲ့ပြီး လစာ ၆၀၀ ကျပ် ရရှိခဲ့သည်။ ပထမဆုံး ဇာတ်ကားမှာ မအောင်မြင်ခဲ့ပဲ ရုပ်ရှင်ရိုက်ကူးခြင်းမှ ခဏ နားခဲ့သည်။ သားသမီး လေးယောက် မွေးအပြီးတွင်မှ ရုပ်ရှင်ပြန်လည်ရိုက်ကူးခဲ့ရာ []ဆရာသမားကောင်းများ သင်ပြမှု၊ ဆရာများကို ရိုသေစွာ ကြိုးစားမှုတို့ကြောင့် ရုပ်ရှင်မင်းသမီးအဖြစ် အကယ်ဒမီရွှေစင်ရုပ် ၄ ဆု ရရှိကာ အောင်မြင်ခဲ့သည်။

သီဆိုခဲ့သော သီချင်းများ

နောက်ထပ် အချက်အလက်များ ခေါင်းစဉ်, ‌‌တေးစု ...
Remove ads

ပါဝင်ခဲ့သော ဇာတ်ကားများ

နောက်ထပ် အချက်အလက်များ ဇာတ်ကားအမည်, ရုံတင်နှစ် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads