ချောင်း

From Wikipedia, the free encyclopedia

Remove ads

ချောင်းသည် မြောင်းနှုတ်ခမ်းနှစ်ဘက်နှင့် အောက်မျက်နှာပြင်အကြား စီးနေသော ရေထုဖြစ်သည်။ စီးနှုန်းကို မြောင်းသို့ မြေပေါ်ရေနှင့် မြေအောက်ရေတို့က သတ်မှတ်ပေးလေသည်။ မိုးကာလ၌ မြေပေါ်ရေကြောင့် ရေအားများတတ်ပြီး မြေအောက်ရေမှာမူ နှုန်းသေတမျိုးဖြင့် ကာလရှည်ထွက်နေနိုင်သည်။ ချောင်း၏လားရာသည် မြေမျက်နှာသွင်ပြင်၊ ရေစီးရေလာနှင့် သဘာဝအထိန်းအကွပ်တို့ကြောင့် ပြောင်းလဲနိုင်သည်။

နေရာဒေသပေါ်မူတည်၍ အချို့နယ်မြေတို့၌ ချောင်းကြီးကြီးကိုပင် မြစ်ခေါ်လေ့ရှိသည်။ ချောင်းများသည် ရေသံသရာလည်ခြင်းအကြောင်း အရေးပါပြီး ရေချိုငါးနှင့် တောသတ္တဝါတို့၏နေရာရွေ့ပြောင်းမှုကိုလည်း ထိန်းကွပ်သည်။ ချောင်းစပ်ရှိဇီဝမျိုးနွယ်ဝင် အပင်တို့ကို ချောင်းစောင့်နယ်အဖြစ် ခေါ်လေ့ရှိသည်။ မျိုးနွယ်ဝင်များ အုပ်စုကွဲခြင်းကို ပြန်စုဆုံပေးကာ ဇီဝဆိုင်ရာကွဲပြားခြင်းကို ထိန်းသိမ်းပေးသည်။ ချောင်းနှင့်ရေသွားရေလာကိုလေ့လာသော ပညာရပ်အား ဇလဗေဒဟုခေါ်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပထဝီဝင်ဘာသာ၏ အရေးပါသောအစိတ်အပိုင်း ဖြစ်လေသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads