ခြောက်ထပ်ကြီးဘုရား
From Wikipedia, the free encyclopedia
Remove ads
ခြောက်ထပ်ကြီးဘုရား (Chaukhtatgyi Buddha Temple) သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်တွင် တည်ရှိသည်။ ငါးထပ်ကြီးဘုရား၏ မျက်စောင်းထိုးကားလမ်း တစ်ဖက်ခြမ်းတွင် တည်ရှိသည်။ စောင်းတန်းမှ ၅ မိနစ်ခန့် လျှောက်သွားလျှင် မဟာစည် ရွှေမင်းဝံ သာသနာ့ရိပ်သာကို မြင်တွေ့နိုင်သည်။ ခြောက်ထပ်ကြီးဘုရားသည် ရန်ကုန်မြို့တွင် ထင်ရှားသောဘုရားများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ဖြစ်သည်။ ရုပ်ပွားတော်သည် ဉာဏ်တော် အလျား ၆၆ မီတာ ရှိပြီး မြန်မာနိုင်ငံရှိ အကြီးဆုံးလျောင်းတော်မူဘုရားများတွင် အပါအဝင်ဖြစ်သည်။[၁] ““ မဟာရန်ကုန်တွင် နာမည်ကြီးသည့် ကြီးကိုးကြီးအဓိဋ္ဌာန်၊ ကြီးလေးကြီးအဓိဋ္ဌာန်၊ ဘုရားကိုးဆူအဓိဋ္ဌာန်များ”” တွင်ပါဝင်သည့် ဘုရားကြီးလည်းဖြစ်၏။
Remove ads
သမိုင်းကြောင်း
မူလဘုရားဒကာမှာ သူဌေးကြီးဆာဘိုးသာဖြစ်သည်။ ဆာဘိုးသာသည် ၁၉ဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ ငါးထပ်ကြီး ဘုရားအနီး မြေ ၄.၂၅ ဧကကို ငွေ ၁၄,၂ဝဝ ကျပ် ပေး၍ ဝယ်ယူပြီး ရွှေသာလျောင်း ရုပ်ပွားတော်ကြီးကို ဦးဆောင် တည်ထားခဲ့ရာ ခြောက်ထပ်ကြီးဘုရား ဟူ၍ ထင်ရှားသည်။
ဆာဘိုးသာကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာကြာသောအခါ ခြောက်ထပ်ကြီးရွှေသာလျောင်းဘုရားကြီးနှင့် တန်ဆောင်းတော်ကြီးတို့မှာ ဟောင်းနွမ်းယိုယွင်းစပြုနေပြီဖြစ်ပါသဖြင့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု၏ ဩဝါဒ အကြံပေးချက်တို့ ခံယူ၍ ၁၃၂၀ ခုနှစ်၊ တပေါင်းလပြည့် (၂၃.၃.၁၉၅၉) တွင် ချပ်သင်း သူဌေး စည်သူဦးဘတင်က သံတိုင်ကြီးကို စတင်တိုင်ထူခဲ့ပြီး တန်ဆောင်းတော်ကြီး၏ ပင်မအလှူရှင်အဖြစ်လည်းကောင်း၊ ရွှေသာလျောင်းရုပ်ပွားတော်ကြီး၏ ပဓာနအလှူရှင်အဖြစ်လည်းကောင်း ဘုရားကြီးပြန်လည်တည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ ချပ်သင်းသူဌေး စည်သူဦးဘတင်နှင့် ဇနီး ဒေါ်သိန်းတို့က လှူဒါန်းခဲ့ကြ၍ အများပြည်သူတို့ကလည်း စုပေါင်းထည့်ဝင်ပြီး လှူဒါန်းခဲ့ကြသည့်ငွေတို့ဖြင့် ပြန်လည်တည်ဆောက်ခဲ့ကြရာ ပြီးစီးအောင်မြင်သဖြင့် ၁၃၃၆ ခုနှစ်၊ ကဆုန်လပြည့် (၅.၅.၁၉၇၄) တွင် သံဃာတော်အပါး (၃၀ဝ) နှင့် ၉ ရက်တိုင်တိုင် အနေကဇာတင် လှူဒါန်းခဲ့သည်။ ချပ်သင်းသူဌေး စည်သူဦးဘတင်သည် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း (ဝိုင်အမ်ဘီအေ YMBA)၏ နာယကကြီးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads