ခွန်လော

မတပန်း ဘုရင် From Wikipedia, the free encyclopedia

Remove ads

ခွန်လောမင်း(၁၃၀၇-၁၃၁၁) သည် မဂဒူးမင်း၏ ညီဖြစ်သည်။ နောင်တော် မဂဒူး နတ်ရွာစံသော် မုတ္တမနန်းကို စိုးစံသည်။ သောက္ကတဲမင်း ဗြရောင်ထံ သံစေလွတ်ပြီး မိမိနန်းတက်သည်ကိုလျှောက်တင်စေပြီး ဘွဲ့အမည်ပေးသနားရန်တောင်းခံသည်။ သောက္ကတဲမင်းလည်း မိမိသားမက်၏ ညီဖြစ်သည့်အတွက်ချီးမြှောက်သောအားဖြင့် “စောရမ်းပရကွတ်” ဟူသောဘွဲ့ကိုပေးသည်။ စစ်တောင်း နှင့် ဒုန်ဝန်းမြို့သစ်များကိုတည်ပြီး ညီရံမောလမွန်ကိုစားစေသည်။ အရည်အချင်းမရှိ၊ဉာဏ်ပညာဖြင့်မပြည့်စုံသည့်အတွက် တိုင်းပြည်ကိုကောင်းစွာမအုပ်ချုပ်နိုင်ပေ။ နိုင်ငံနယ်စပ်များဖြစ်သည့် ဒုန်ဝန်းကို ဇင်းမယ်ရှမ်းတို့က လာရောက်တိုက်ခိုက်သည့်အတွက်ညီရံမောလမွန်ကျသည်။ ပြည်ရွာလည်းမအေးမချမ်းဖြစ်ရလေသည်။ ထို့ကြောင့် ညီမဖြစ်သူ နှင်းဥရိုင် နှင့်ယောက်ဖဖြစ်သူ သမိန်မြောင်းမြ တို့ကအကြံဖြင့် မော်လမြိုင်ဖက်တွင် ထူးခြားသည့် ဆင်တော်ပေါ်ကြောင်း၊အစွယ်သုံးချောင်းပါပြီး တစ်ချောင်းမှာ ဦးကင်းမှ ထွက်ကြောင်း မှူးမတ်တို့ကို လျှောက်တင်စေသည်။ ဉာဏ်နည်းသည့် ခွန်လောလည်း စဉ်းစားဆင်ခြင်ခြင်းအလျဉ်းမရှိ ယုံမှတ်ကာ ဆင်ရံထွက်လေသည်။ ခွန်လော နန်းမှခွာသည်နှင့် သမိန်မြောင်းမြ ကမြို့ကိုသိမ်းလေသည်။ ခွန်လောလည်း ထိုသတင်းကို ကြားလျှင် မပြန်ဝံ့။ တောတွင်း၌သာပုန်းကာနေရသည်။ မကြာမှီတွင် သမိန်မြောင်းမြက တပ်များဖြင့် ထွက်တိုက်သဖြင့် ခွန်လောလွန်လေသည်။ ခွန်လောလွန်လျှင် သမိန်မြောင်းမြ နန်းတက်ရန်ကြံသော်လည်း မယားဖြစ်သူ နှင်းဥရိုင်က အသက်အရွယ်ကြီးရင့်ပြီဟုအကြောင်းပြတားမြစ်ကာ သားဖြစ်သူ စောသင်မောင်(ခေါ်)စောအော အားမုတ္တမထီးနန်းအား စိုးစံစေသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads