ခွဲစိတ်ကုပညာ
ခွဲစိတ်ကိရိယာအသုံးပြု၍ လူကိုယ်ခန္ဓာအစိတ်အပိုင်းကို ကျန်းမာရေးအရ ခွဲစိတ်စစ်ဆေးခြင်း From Wikipedia, the free encyclopedia
Remove ads
ခွဲစိတ်ကုပညာသည် လူနာတစ်ဦး၏ ရောဂါကိုစစ်ဆေးရန် သို့မဟုတ် ရောဂါ သို့မဟုတ် ဒဏ်ရာကို ကုသရန်အလို့ငှာ ခွဲစိတ်ကိရိယာများ၏အကူအညီနှင့် ခန္ဓာကိုယ်၏ ပုံမှန်လုပ်ဆောင်စွမ်းနှင့် ပုံမှန်ပုံပန်းသဏ္ဌာန်ကိုရအောင် ပြန်လည်ပြုပြင်ပေးသော သို့မဟုတ် ပျက်စီးနေသော ခန္ဓာကိုယ်အစိတ်အပိုင်းကို ပြန်လည်ပြုပြင်ဖယ်ရှားပေးသော ဆေးပညာအထူးပြုတစ်ရပ်ဖြစ်သည်။ ခွဲစိတ်ကုသမှုပြုလုပ်သောဆရာဝန်ကို ခွဲစိတ်ဆရာဝန်ဟု ခေါ်ပြီး ထိုခွဲစိတ်မှုတွင် အကူအညီပေးသောဆရာဝန်ကို လက်ထောက်ခွဲစိတ်ဆရာဝန် ဟုခေါ်သည်။ ခွဲစိတ်အဖွဲ့တစ်ခုကို ခွဲစိတ်ဆရာဝန်၊လက်ထောက်ခွဲစိတ်ဆရာဝန်၊မေ့ဆေးဆရာဝန်၊သူနာပြု နှင့် ခွဲစိတ်မှုဆိုင်ရာ နည်းပညာရှင်များဖြင့် ဖွဲ့စည်းထားသည်။

Remove ads
အဓိပ္ပာယ်ဖွင့်ဆိုချက်
ခွဲစိတ်ကုပညာဆိုသည်မှာ လူ့ခန္တာကိုယ်ရှိ တစ်သျှူးများအပေါ် တိုက်ရိုက်ထိတွေ့ကုသနည်းများပါဝင်သော ပညာရပ်တစ်ခုဖြစ်သည်။
ယေဘုယျအားဖြင့် ကုသမှုလုပ်ငန်းစဉ်တစ်ရပ်တွင် လူနာ၏ ခန္ဓာကိုယ်ရှိ တစ်သျှူးများကို ဖြတ်တောက်ခြင်း ၊ ယခင်ရှိပြီးသား ဒဏ်ရာကို ပြန်လည်ချုပ်ခြင်းတို့စသော လုပ်ငန်းများပါဝင်လာပါက ထိုကုသမှုလုပ်ငန်းစဉ်ကို ခွဲစိတ်ကုသခြင်းဟု သတ်မှတ်သည်။
ခွဲစိတ်မှုပညာသမိုင်း
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads