ဂဏပရိဘာသနသိက္ခာပုဒ်

From Wikipedia, the free encyclopedia

ဂဏပရိဘာသနသိက္ခာပုဒ်
Remove ads

အမှု—(ဘိက္ခုနီသံဃာဂိုဏ်း) ကိုပုတ်ခတ်ပြောဆိုမှု။

အမှုသည်—ထုလ္လနန္ဒာ။ []

စဏ္ဍကာဠီ နှင်ထုတ်ခံရခြင်း

စဏ္ဍကာဠီမည်သော ဘိက္ခုနီသည်(တဖက်နှင့် တဖက် မတဲ့နေရာဝယ် ဘယ်လိုဘယ်ပုံ ပြုလုပ်ကြစို့ စသည်ဖြင့်) မိမိဖက်သားချင်း တိုင်ပင်မှု(ဘဏ္ဍန)ကိုလည်း ပြုတတ် (ပြုလေ့ရှိ)၏၊ ရန်ဖြစ်မှု (ကလဟ)ကိုလည်း ပြုလေ့ရှိ၏၊ သူတစ်ပါးနှင့် ဆန့်ကျင်ဘက် (ဝိဝါဒ) စကားကိုလည်း ပြုလေ့ရှိ၏၊ ထိုစဏ္ဍကာဠီကို သံဃာက နှင်ထုတ်မှု(ဥက္ခေပနီယကံ)ပြုမည်ဟု စည်းဝေးလျှင်ထုလ္လနန္ဒာသည် အမြဲတမ်း ကန့်ကွက်လေ့ရှိ၏၊ ထို့ကြောင့် ထုလ္လနန္ဒာသည် သာဝတ္ထိမှ ရွာငယ်တစ်ရွာသို့ သွားနေခိုက်ဝယ် စဏ္ဍကာဠီကို အပေါင်းအသင်းမလုပ်ဘဲ သံဃာမှ ဖယ်ထုတ်ကြောင်းဖြစ်သော(ဥက္ခေပနီယ)ကံကို ပြုကြလေသည်။

Remove ads

ထုလ္လနန္ဒာ၏ ပုတ်ခတ်မှု

ထို့နောက် ထုလ္လနန္ဒာသည် သာဝတ္ထိသို့ ပြန်လာသောအခါ တပည့်ဖြစ်သူက ဆရာအား ပြုနေကျဖြစ်သော (နေရာထိုင်ခုံ ခင်းပေးခြင်း, ခြေဆေးရေ ခပ်ပေးခြင်း, စသော)ဝတ်များကို စဏ္ဍကာဠီက မပြုသည့်အတွက် “ဘာ့ကြောင့် မပြုဘဲ နေရတုန်း”ဟု မေးလေသည်။ ထိုအခါ ကိုးကွယ်ရာ မရှိတဲ့သူ ဆိုတာ ဒီလိုဘဲနေရရိုးမို့ နေရတာပါ”ဟု ဝမ်းနည်းသံဖြင့် လျှောက်လေလျှင် ဘာလို့ ကိုးကွယ်ရာ မရှိရမှာလဲ”ဟု ပြန်မေးသောအခါ သူ့ကို သံဃာက ကံပြုထားကြောင်း ပြောလေသည်။

ထိုအခါ ထုလ္လနန္ဒာသည်(စာတတ် မာနကြီးသူ ဖြစ်သည်အားလျော်စွာ ဘသူ့ မှ အရေးမစိုက်သော လေသံဖြင့်) –ဒီဟာတွေ ဗာလတွေဘဲ, အဗျတ္တ (မထက်မမြက်အဖျင်းအအ) တွေဘဲ, ဒင်းတို့ကံပြုမှုနှင့် ဆိုင်ရာကို ဘာနား လည်လိုလဲ”ဟု စိတ်ကြမ်းကိုယ်ကြမ်း ကြမ်းသည့်အတိုင်းဘိက္ခုနီ တဂိုဏ်းလုံးကို ပုတ်ခတ်ပြောဆိုလေရာ, ထိုအပြောကို မခံနိုင်ကြသောဘိက္ခုနီတို့က ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

Remove ads

သိက္ခာပုဒ်

ယာ ပန ဘိက္ခုနီ စဏ္ဍီကတာ ဂဏံ ပရိဘာသေယျ, ပါစိတ္တိယံ။

မြန်မာပြန်

ဒေါသက ကြမ်းထန်းအောင် ပြုအပ်သည်ဖြစ်၍ (စိတ်ဆိုး၍) ဘိက္ခုနီတဂိုဏ်းလုံးကို ပုတ်ခတ်ပြောဆိုသော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။

မှတ်ချက်

တဂိုဏ်းလုံး မဟုတ်ဘဲ ဘိက္ခုနီအများကိုဖြစ်စေ တစ်ယောက်ယောက်ကိုဖြစ်စေ လူသာမဏေစသည်ကိုဖြစ်စေ ပုတ်ခတ်ပြောဆိုရာ၌ ဒုက္ကဋ်အာပတ်။

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads