ဂဒ္ဒုလဗဒ္ဓသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] သံသရာ၏ စတင်ဖြစ်ချိန်ကို မသိနိုင်၊ “မဟာသမုဒ္ဒရာ” “မြင့်မိုရ်တောင်” “မြေကြီးတို့ ပျောက်ကွယ်ချိန် ရှိနိုင်သော်လည်း အဝိဇ္ဇာဖြင့် (အမှန်တရား “သစ္စာ”ကို) ဖုံးကွယ်ထားပြီး တဏှာဖြင့် (ဘဝ, စည်းစိမ်တို့၌) ဖွဲ့တုတ်ချည်နှောင်ထားသော သတ္တဝါတို့၏ ဒုက္ခကုန်ဆုံးချိန်, ဒုက္ခအားလုံးမှ လွတ်မြောက်ချိန်ကို ငါဘုရားဟောတော်မမူ၊ ခွေးချီသည့်သံကြိုးဖြင့် ဖွဲ့ချည်ထားသော ခွေးကဲ့သို့ အရိယာတို့နှင့် မတွေ့ရ အရိယာ သူတော်ကောင်းတို့၏တရားကို မနာယူရ, အဆုံးအမ မခံရသော အဿုတဝန္တပုထုဇဉ်၏ ခန္ဓာငါးပါး၌ အတ္တ-ဟု ရှုမြင်ပုံ၊ ခန္ဓာငါးပါးသို့ ပတ်၍ပြေးနေပုံ, အစဉ်လိုက်နေပုံ၊ ဆင်းရဲအားလုံးမှ မလွတ်မြောက်နိုင်ပုံနှင့် အရိယဒဿာဝီ, အရိယဓမ္မသုတဝန္တ သပ္ပုရိသ ဓမ္မ သုဝိနီတဖြစ်သော သုတဝန္တအရိယာသာဝက၏ ခန္ဓာငါးပါးတို့၌ အတ္တ-ဟု မရှု မြင်ပုံ၊ အစဉ်မလိုက်ပုံ၊ ဒုက္ခအားလုံးတို့မှ လွတ်မြောက်နိုင်ပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] သံသရာသည် အစမရှိ၊ အဝိဇ္ဇာဖြင့် (အမှန်တရာ “သစ္စာ”)ကို ဖုံးကွယ်ထား တဏှာဖြင့် (ဘဝ, ဘောဂတို့၌)ဖွဲ့နှောင် ချည်တုတ်ထားသော တစ်ဘဝမှ တစ်ဘဝသို့ပြောင်းရွှေ့ နေကြသော သတ္တဝါတို့၏ ရှေ့ပိုင်းအစသည် မထင်ရှား၊ ခွေးချည်သံကြိုးဖြင့် ခိုင်မြဲစွာ ချည်နှောင်ခံနေရသော ခွေးကဲ့သို့ ဤအတူ အဿုတဝန္တပုထုဇဉ်ပုဂ္ဂိုလ်သည် ဥပါဒါနက္ခန္ဓာငါးပါးတို့၌ “ငါ့ဥစ္စာ, ငါ, ငါ့အတ္တ”ဟု လျောင်း, ထိုင်, ရပ်, သွား ဣရိယာပုထ် လေးပါးလုံး ရှုမြင်နေ၏။ ထို့ကြောင့် “ဤ(ငါ့)စိတ်သည် ရှည်မြင့်စွာသောကာလပတ်လုံး ရာဂဖြင့် ညစ်နွမ်းနေသလော၊ ဒေါသဖြင့် ညစ်နွမ်းနေသလော၊ မောဟဖြင့် ညစ်နွမ်း နေသလော”ဟု မိမိစိတ်ကို အမြဲမပြတ် ရှုဆင်ခြင်နေရမည်။ သတ္တဝါတို့သည် စိတ် ညစ်နွမ်းခြင်းကြောင့် ညစ်နွမ်းကြသည်၊ စိတ်ဖြူစင်ခြင်းကြောင့် သတ္တဝါတို့ ဖြူစင်ကြ ရသည်။

ပန်းချီကျော်တို့၏ လက်စွမ်းပြ အဆန်းကြယ်ဆုံးပန်းချီကားချပ်ထက် စိတ်သည် ပို၍ဆန်းကြယ်၏၊ ဆန်းကြယ်သော တိရစ္ဆာန်အမျိုးမျိုးထက် စိတ်က ပို၍ ဆန်းကြယ်၏။ ထို့ကြောင့် မိမိစိတ်ကို အမြဲမပြတ် ရှုဆင်ခြင်နေရမည်။ ပင်မင်း (ဆေးဆိုးပန်းရိုက်)သမား, ပန်းချီဆရာတို့ကဲ့သို့ ဖြစ်သည်ရှိသော် ခန္ဓာငါးပါးသာ ဖြစ်သည်၊ ခန္ဓာငါးပါးသည် နိစ္စလော၊ အနိစ္စလော-အစရှိသည်ဖြင့် ခန္ဓာတစ်ပါးစီ တစ်ပါး စီကို အနတ္တလက္ခဏသုတ် ဒေသနာတော်နည်းဖြင့် အရဟတ္တဖိုလ်ဆိုက်သည်အထိ အကျယ်ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads