ဂဒြဘသုတ်

From Wikipedia, the free encyclopedia

Remove ads

[] နွားတို့နှင့် အဆင်း, အသံ, ခြေရာမတူပဲ မြည်းသည် “ငါလည်း ဝန်ဆောင် နိုင်သူ, ငါလည်း ဝန်ဆောင်နိုင်သူ”ဟုဆို၍ နွားတို့၏နောက်သို့ တကောက်ကောက် လိုက်ပါနေသကဲ့သို့ ထို့အတူ အချို့သောရဟန်းသည် အဓိသီလသိက္ခာ, အဓိစိတ္တ သိက္ခာ, အဓိပညာသိက္ခာတို့ကို ဆောက်တည်၍ ကျင့်ခြင်း၌ ထက်သန်သောဆန္ဒမရှိပဲလျက် “ငါလည်း ရဟန်း, ငါလည်း ရဟန်း”ဟု ဆို၍ ရဟန်းသံဃာတော်၏နောက်သို့ တကောက်ကောက်လိုက်နေ၏၊ အဓိသီလသိက္ခာ, အဓိစိတ္တသိက္ခာ, အဓိပညာသိက္ခာတို့ကို ဆောက်တည်ကျင့်သုံးခြင်း၌ ထက်မြက်သောဆန္ဒရှိသူများ ဖြစ်ရမည်-ဟု သင်တို့ ကျင့်ရမည်ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads